" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ. Show all posts
Showing posts with label ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ. Show all posts

Thursday, May 25, 2023

ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ

 မေယုနယ်ခြားခရိုင်ဟူ၍ သီးခြားသတ်မှတ်ဖွင့်လှစ်လိုက်ခြင်းသည် မေယုခရိုင် နယ်သူနယ်သား အားလုံးတို့၏ လူမှုရေး၊ စီးပွားရေးအဆင့်အတန်းများကို မြှင့်တင်လိုက်ခြင်း သာမက ပျောက်နေသော သူတယောက်ကို ရှာ ဖွေ ဖော်ထုတ်လိုက်ခြင်းလည်း မည်ပေသည်။ ထိုစကားကို ရှင်းရပေဦးမည်။

ယခု မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊ မောင်းတောနယ်များတွင် ၉၇ – ရာခိုင်နှုန်းသည်ရိုဟင်ဂျာ လူမျိုးများ နေထိုင်ကြ၏။ သို့သော် ရိုဟင်ဂျာဆိုသည့် အမည်ကို ပြည်မက လူထုကမသိ၊ ရိုဟင်ဂျာတို့၏ယဉ်ကျေးမှု ကို ပြည်မလူထုကမမြင်၊ ပြည်ထောင်စုသားတွေ စစ်စစ်ဖြစ်လျက်နှင့် ရိုဟင်ဂျာတို့၏ မျိုးရိုးစဉ်ဆက်နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း မှတ်တမ်းတို့သည် ပြည်ထောင်စုတွင် မပေါ်ထင် ပျောက်၍နေသကဲ့သို့ပင် ရှိခဲ့သည်။ တနည်းဆို သော် ရိုဟင်ဂျာတို့သည် ပျောက်နေသော သူတယောက်ပမာ ရှိခဲ့ပေ၏။





 

 

 

ယခုမူ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက သူတို့ လူမျိုးစုတွေကို ပြည်ထောင်စုသားများအဖြစ် အသိအမှတ်ပြုကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းတွေ လူတန်းစေ့ဖြစ်အောင် မြှင့်တင်ပေးတော့မည်ဟု ဒု – ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) ကိုယ်တိုင် ကတိပေးခဲ့သည်ဖြစ်ရာ သူတို့ ရိုဟင်ဂျာတတွေသည် နိုးကြားတက်ကြွ သည့် စိတ်များဖြင့် သူတို့၏ မျိုးရိုး အဆက်အနွယ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နယ်ခြားဒေသအုပ်ချုပ် ရေးဌာနအား ထင်မြင်ချက် စသည်အားဖြင့် သုံးပိုင်း သုံးကဏ္ဍ ခွဲခြားကာ ခေတ်ရေးအဖွဲ့သို့ လာရောက်တွေ့ဆုံ ပြောကြားတင်ပြကြသည်ဖြစ်ရာ ပတမဆုံးကဏ္ဍဖြစ်သော ရိုဟင်ဂျာတို့၏ မျိုးရိုးအဆက်အနွယ်သမိုင်းကို အောက် ပါ အတိုင်း ခေတ်ရေးစာစောင်က ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ရသည် ဖြစ်ပေကြောင်း။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */