လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများသန့်ဇင်ဦး
2020-06-06
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အစိုး ရ က ပြောင်းရွှေ့ပေးမယ့် နေရာသစ်မှာ မနေနိုင်ဘဲ မြို့ပေါ်ကမူလနေရာမှာပဲ ပြန်လည်နေရာချပေးဖို့ အ တွက် အင်တာ နက်လူမှုကွန်ယက်ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
ကျောက်တစ်လုံး ရိုဟင်ဂျာ ဒုက္ခသည်စခန်းရဲ့ ၂ ဖာလုံအကွာမှာ ကျပ်သန်း နှစ်ထောင်ကျော် သုံးစွဲပြီး တည် ဆောက်မယ့် နေရာသစ်ကို မပြောင်းချင်ကြကြောင်းနဲ့ မူလမြို့ပေါ်ရပ်ကွက်ကိုပဲ ပြောင်းချင်ကြတယ်လို့ ဒုက္ခ သည်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
Showing posts with label ကျောက်ဖြူ. Show all posts
Showing posts with label ကျောက်ဖြူ. Show all posts
Saturday, June 6, 2020
Thursday, May 21, 2020
ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း ရွှေ့ပြောင်းရေး အငြင်းပွားဖွယ်ဖြစ်လာ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ သီဟထွန်း
2020-05-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း နေရာရွှေ့ပြောင်းဖို့၊ အ ရေးပေါ် ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။
ဒါပေမဲ့ မွတ်စလင်ဒုက္ခသည်စခန်း တာဝန်ရှိသူတွေကတော့၊ စခန်းနေရာသစ်ကို မပြောင်းရွှေ့ချင်ဘဲ မူလနေ ရပ် ကျောက်ဖြူကိုပဲ ပြန်ချင်တာကြောင့် အငြင်းပွားဖွယ် ဖြစ်လာနေပါတယ်။
Sunday, February 9, 2020
ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်တွေ မြို့ထဲပြန်ရေး ညှိနှိုင်းနေ
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-02-08
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခကြောင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့ တာ ဖြစ် ပြီး မွတ်စလင် အိမ်ထောင်စု ၃၆၀ ကျော် လူဦးရေ တစ်ထောင်ကျော်ရှိပါတယ်။
မြန်မာဌာန | သတင်းများ
2020-02-08
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခကြောင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းကို ဖွင့်လှစ်ခဲ့ တာ ဖြစ် ပြီး မွတ်စလင် အိမ်ထောင်စု ၃၆၀ ကျော် လူဦးရေ တစ်ထောင်ကျော်ရှိပါတယ်။
Sunday, April 28, 2019
ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ရှေ့အလား အလာ
ကျောက်ဖြူဆိပ်ကမ်း
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဆီ သွားရောက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေး ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြမှာကို ကြိုဆိုတာပါ။ ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခတွေကြောင့် အထူးသဖြင့် ကုလသ မဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ ကြုံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွား ရာက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသခံတွေကတော့ တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့
ဒေ သကို တကယ်ပဲ အကျိုးဖြစ်စေပါ့မလားဆိုပြီး စိုးရိမ်းနေကြပါတယ်။ Libby Hogan ကျောက်ဖြူက ပေး ပို့တဲ့ သတင်းကို မအေးသန္တာကျော် ပြောပြပေးပါခင်ဗျာ။
Friday, August 24, 2018
အကြွေးမပိရန် ကျောက်ဖြူရေနက်စီမံကိန်း ကုန်ကျ စရိတ် လျှော့ချရန်ကြိုးပမ်းနေသော မြန်မာ
7DAY DAILY
ကျောက်ဖြူစီမံကိန်းသည်
စီးပွားရေးအကျိုးအမြတ် အနည်းငယ်သာရှိပြီး အကြွေးထောင်ချောက်သာ
ဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံရေးသမားအချို့က သတိပေးသည်။ (ဓာတ်ပုံ −
ELAINE KURTENBACH/ASSOCIATED PRESS)
မူလကစီစဉ်ထားသည့် ကုန် ကျစရိတ် ကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိသည့် စီမံကိန်းကို ၁ ဒသမ ၃ ဘီလီယံ ပမာဏတန်ဖိုး ရှိ စီမံကိန်းအဖြစ် အရွယ်အစား လျှော့ချနိုင်ရေး မြန်မာတာဝန်ရှိ သူများကတရုတ် အစိုးရပိုင် Citic ဦးဆောင်သည့် အုပ်စုနှင့် ဆွေး နွေးနေကြောင်း အဆိုပါဆွေးနွေး မှုနှင့် နီးစပ်သူများထံမှ သိ ရသည်။
Friday, August 3, 2018
ကျောက်ဖြူရေနက်စီမံကိန်း အတိုင်းအဆ မြန်မာ လျှော့ချကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံပြင်ဆင်သတ်မှတ်
August 3, 2018
ုမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ် ကို မြန်မာအစိုးရက သိသိသာသာပြန်လည်လျှော့ချ၍ စီမံကိန်းအ တိုင်းအဆကို လည်း ချုံ့ပစ်လိုက်ကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂ ရက်တွင် ရေးသား တင်ပြ ထားသည်။
Thursday, December 3, 2015
ကျောက်ဖြူ အထူးစီးပွားရေး ဇုံ စီမံကိန်း ၂၀၁၆ စတင် မည်
VOA
ဗွီအိုအေ (မြန်မာဌာန
03 ဒီဇင်ဘာ၊ 2015
မေခ
မေခ
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ စတင် လုပ်ဆောင်ဖို့ စီစဉ် ထား တယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ က ဒီကနေ့ပြောဆိုထုတ်ပြန် လိုက် ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာစီမံကိန်း တွေပါဝင်မယ်လို့ ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။
Subscribe to:
Posts (Atom)