25-08-2021
Zawgyi
အမေရိကန်တို့ အဘယ်ကြောင့် အာဖဂန်နစ္စတန် တွင် မအောင်မြင်ခဲ့ရသနည်း - ကစ်ဆင်ဂျား
***********************
(ဩဂုတ် ၂၅ ရက်နေ့ထုတ် အီကော်နော်မစ် မဂ္ဂဇင်းတွင် ပါရှိသည့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဂုရုကြီး ဖြစ်ခဲ့သည့် ဟင်နရီ ကစ်ဆင်ဂျား ရေးသားသည့် “Why American failed in Afghanistan” ဆောင်းပါး ကို ပြန်လည်တင်ပြသည်)
အာဖဂန်နစ္စတန်အား တာလီဘန် တို့ သိမ်းယူ နိုင်ခဲ့ခြင်းကြောင့် နိုင်ငံအနှံ့ အပြားတွင် သောင်တင်နေသော ထောင် နှင့် သောင်း နှင့် ချီသည့် အမေရိကန်များ၊ မဟာမိတ် နိုင်ငံသားများ နှင့် အာဖဂန်တို့ အား ပြန်လည် ဆွဲထုတ်နိုင်ရန် ထိတ်တန်း ဦးစားပေး အဖြစ် အာရုံစိုက်လာခဲ့ရသည်။ သို့သော်ငြားလည်း ထိုအခြေအနေ အ ထိ ဆိုက်လာစေရန် နှစ်ပေါင်း နှစ်ဆယ်ကျော် အနစ်နာခံလာခဲ့ကြပြီးမှ အမေရိကန်တို့သည် မဟာမိတ်များ၊ တိုက်ရိုက် သက်ဆိုင်နေသူများ နှင့် မတိုင်ပင်ပဲ အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ရသနည်း ဆိုသည့် စိုးရိမ်တကြီး ဖြင့် အလေးအနက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။ အာဖဂန်နစ္စတန် အား လုံးဝဥသုံ ထိန်းချုပ်ထားကြ မည်လော၊ သို့မဟုတ် အပြီးအပိုင် ရုပ်သိမ်း ထွက်ခွာသွားမည်လော ရွေးချယ်ခွင့် နှစ်ခု အနက် လူထု အား တခုခု ရွေးချယ်ရန်သာ ချပြနိုင်ခဲ့သည့် အထိ ဖြစ်လာခဲ့ရသည်။