" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြောက်ပိုင်းဆူမာထရာ. Show all posts
Showing posts with label မြောက်ပိုင်းဆူမာထရာ. Show all posts

Tuesday, January 2, 2024

မြောက်ပိုင်းဆူမာထရာကိုရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဒေသခံတွေကူညီ

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၃ ဇန်နဝါရီ၊ ၂၀၂၄ 

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူမာထရာက ကျေးရွာ ရိုဟင်ဂျာမွတ်ဆလင်တွေ စီးလာတဲ့ သစ်သားလှေကြီး A wooden boat that carried Rohingya Muslims floats off the coast of Karang Gading village

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမာထရာက Deli Serdang ‌ဒေသခံတွေဟာ အာချေးမြောက်ပိုင်းက ဒေသခံတွေ နဲ့မတူဘဲ သူတို့ကမ်းခြေကို ရောက်လာတဲ့ ရိုဟင်ဂျာ ၁၄၇ ဦးကို ကူညီဖို့ ရောက်လာကြပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်၊ စနေနေ့ည ၁၁ နာရီလောက်မှာ Deli Serdang ဒေသက ကျေးရွာတခုအနီးကမ်းခြေကို ဆိုးဆိုးဝါးဝါးအ ခြေ အနေနဲ့ ဒုက္ခသည်တွေ ဆိုက်ရောက်ခဲ့ကြတာပါ။ အနီးမှာရှိတဲ့ Kwala Besar ကျေးရွာသားတွေရောက်လာကြပြီး ဒုက္ခသည်တွေကို အစားအစာ၊ သောက်ရေနဲ့ လိုအပ်တဲ့အဝတ်အထည်တွေ ထောက်ပံ့ကူညီခဲ့ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */