Showing posts with label PPNM. Show all posts
Showing posts with label PPNM. Show all posts

Monday, February 17, 2025

အကျဉ်းကျ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ပြန်ပို့တဲ့သတင်းကြောင့် စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅ 

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင် ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့လိုက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တကျော့ပြန်ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

Sunday, February 16, 2025

အင်းစိန်ထောင်မှစစ်ကောင်စီခေါ်ထုတ်သွားသည့် ရိုဟင်ဂျာ ၉၀ဝ ကျော်အတွက် စိုးရိမ်ရကြောင်း PPNM ပြော

မဇျ္စိမ
February 16, 2025 

ပုံအညွှန်း- အင်းစိန်အကျဉ်းထောင်အား Google mapမှ တွေ့မြင်ရစဉ်။

ဖီးလ်နစ်


မဇ္စျိမ။ ။ အင်းစိန်ထောင်တွင်ထိန်းသိမ်းထားသည့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် လွတ် ရက်စေ့ ရိုဟင်ဂျာ၉၃၆ဦးအား စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ခရီးသယ်တင်ကားဖြင့် ယနေ့(ဖေ ဖော်ဝါရီလ၁၆)ရက်)နံနက်ပိုင်းတွင်ခေါ်ထုတ်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အင်းစိန်အကျဉ်းထောင်မှ ရိုဟင်ဂျာအကျဥ်းသား ၁,၀၀၀ နီးပါးအား စစ်တွေသို့ပို့ဆောင်လိုက်ကြောင်း PPNM ပြော

KIC
February 16, 2025
Photo: Anadolu Agency (ပုံဟောင်း) 

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ


အင်းစိန်အကျဥ်းထောင်တွင်ထားရှိသည့် ရိုဟင်ဂျာအကျဥ်းသား (၅၈၄)ဦး၊ အကျဥ်းသား (၂၆၇)ဦး၊ ကလေးငယ်(၆၇)ဦးတို့အား စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းတွင် ရေကြောင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ပြောသည်။

ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ်

RFA
RFA Burmese
2025.02.16 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

Updated 4:50 PM, Feb 16, 2025


လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာအကျဥ်းသား တစ်ထောင်နီးပါးကို အင်းစိန်အကျဥ်းထောင်ကနေ စစ်ကောင်စီက ဒီနေ့ပြန်လွှတ်ပြီး စစ်တွေကို ပို့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

Wednesday, January 1, 2025

နိုင်ငံတစ်ဝန်း ရိုဟင်ဂျာ နှစ်ထောင်ခန့် အကျဉ်းချခံထားရကြောင်း PPNM ပြော

RFA
RFA Burmese
2025.01.01
 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တွေ့ရစဉ်။ AFP Photo

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာ နှစ်ထောင်ခန့် (၁၉၅၀ ဦး) ရှိပြီး လွတ်ရက်စေ့ပေမဲ့ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ရိုဟင်ဂျာ ရာနဲ့ချီရှိနေတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Tuesday, April 9, 2024

နိုင်ငံတဝန်းကအကျဥ်းထောင်တွေထဲ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာထောင်ချီရှိနေပြီး အမျိုးသမီးနဲ့ကလေးတွေလည်းပါဝင်

BBC
၈ ဧပြီ ၂၀၂၄

၂၀၂၀ ခုနှစ်အတွင်း ထောင်တွေကနေလွှတ်လိုက်တဲ့ပြီးနောက် ရခိုင်ကိုပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေ


နေရပ်စွန့်ခွာဖို့ကြိုးစားရင်းဖမ်းဆီးခံရလို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲမှာ အကျဥ်းကျခံနေရတဲ့ ရိုဟင်ဂျာအရေအတွက် ၃ထောင် ကနေ ၅ထောင်ကြားရှိမယ်လို့ ရိုဟင်ဂျာအ‌ရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ ဧရာဝတီတိုင်းထဲမှာ ရိုဟင်ဂျာတွေကိုအများဆုံးဖမ်းဆီးထားတာဖြစ်ပြီး ရခိုင် ပြည်နယ်မှာဒုတိယအများဆုံး ဖမ်းဆီးထားတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */