Showing posts with label ဦးအောင်ခင်. Show all posts
Showing posts with label ဦးအောင်ခင်. Show all posts

Thursday, December 19, 2024

အာဏာရှင်စနစ်အမြစ်ဖြတ်မယ့် ကချင်တပ်

VOA
ဦးအောင်ခင်
၁၉ ဒီဇင်ဘာ၊ ၂၀၂၄

ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်အာဏာရှင်ကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်ချေမှုန်းမယ့် KIA ကချင်စစ်တပ်အကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။

 

 

Link : Here

Thursday, December 5, 2024

စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာတပ်

VOA
ဦးအောင်ခင်
၀၅ ဒီဇင်ဘာ၊ ၂၀၂၄
 
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မွတ်ဆလင်ပြဿနာကို စစ်ကောင်စီမပါပဲဖြေရှင်းဖို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်က ကြိုးပမ်းနေပေမယ့် ၊ စစ်ကောင်စီကတော့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ လက် တွဲပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။ 
  Link : Here

Thursday, March 7, 2024

ကရင်နီ စစ်မျက်နှာသစ်

VOA
သတင်းသုံးသပ်ချက်
ဦးအောင်ခင်ဉာဏ်ဝင်းအောင်
၂၉ ဖေဖေါ်ဝါရီ၊ ၂၀၂၄ 

ကရင်နီပြည်နယ်မှာ တော်လှန်ရေးအင်အားစုတွေ အားလုံး ၊ ပူးပေါင်းဆောင်ရွက် နိုင်တာကြောင့် ကြားကာလ အစိုး ရ ဖွဲ့စည်းနိုင်တဲ့အခြေအနေ ရောက်ရှိလာပြီး စစ်ဆင်ရေး တိုးမြှင့်နိုင်ပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

Link : Here

မွန်နဲ့ ပအိုဝ်း တပ်ဖွဲ့သစ်များ

VOA
သတင်းသုံးသပ်ချက်
ဦးအောင်ခင်ဉာဏ်ဝင်းအောင်
၀၇ မတ်၊ ၂၀၂၄

ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ပအိုဝ်းနဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းဟောင်းတွေဟာ စစ်တပ်နဲ့ လိုက်လျောညီထွေ ဆက်ဆံနေတဲ့အတွက် စစ်တပ်ဆန့်ကျင်ရေး အင်အားစုသစ်တွေ ပအိုဝ်းနဲ့ မွန်ဒေသမှာ ပေါ်ထွက်လာပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။

Link : Here

Saturday, October 8, 2022

မြောက်ပိုင်းမဟာမိတ်နဲ့ နွေဦးတော်လှန်ရေး

VOA
ဦးအောင်ခင်
ဉာဏ်ဝင်းအောင်
၀၆ အောက်တိုဘာ၊ ၂၀၂၂

Northern Alliance - Burma


တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ ပါဝင်တဲ့ ဖယ်ဒရယ်နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ FNPCC အစည်း ဝေး ကို 'ဝ' နယ်မြေ ပန်ဆန်းမြို့မှာ ကျင်းပကြောင်း စက်တင်ဘာလ (၁၉) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ AA ရခိုင်တပ် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။ ဝ ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဖို့သွားတာဖြစ်ပြီး ရလာဒ်ကောင်း ရရှိတယ်လို့လည်း ဆိုပါတယ်။ FNPCC ကော်မတီကို ဝတပ်ဖွဲ့က ဦး ဆောင်ပြီး KIA ကချင်တပ်၊ SSPP ရှမ်းပြည်တိုးတက်ရေးတပ်၊ TNLA တအားင်တပ်၊၊ MNDAA ကိုးကန့်တပ်၊ NDAA မိုင်းလားတပ်နဲ့ AA ရခိုင်တပ်တို့ ပါဝင်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်လို့လည်း ခေါ်ပါတယ်။ ဝနဲ့ မိုင်းလားကလွဲလို့ စစ်ကောင်စီကို တိုက်ခိုက်နေသူတွေ ဖြစ်ပါတယ်။ ရခိုင်အနောက်ပိုင်းမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတုန်း ကျင်းပခဲ့တဲ့ အစည်းအဝေးဖြစ်လို့ အမျိုး မျိုးထင်ကြေးပေးကြပါတယ်။ ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ အလယ်ပိုင်းက ကျေး သီးမြို့နယ်မှာ စစ်ကောင်စီက ကူညီနေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ် RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးတပ် SSPP တို့ စက်တင်ဘာ စတုတ္ထပတ်မှာ တိုက်ပွဲဖြစ်ကြောင်း သိရပါတယ်။ RCSS ခေါင်းဆောင်ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ သြဂုတ်လ နေပြည်တော်ခရီးအပြီးဖြစ်တဲ့ တိုက်ပွဲတွေပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */