Showing posts with label ဦးခင်ရီ. Show all posts
Showing posts with label ဦးခင်ရီ. Show all posts

Thursday, July 11, 2024

ကြံ့ဖွံ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်

mizzima
ရွှေနွယ်
July 11, 2024

ပုံအညွှန်း − ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ ဦးခင်ရီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Lin Tao တို့ ၂၀၂၂ ခုနှစ်အတွင်းက ကြံ့ဖွံ့ပါတီဌာနချုပ်၌ တွေ့ဆုံကြစဉ်။

မဇ္ဈိမ။ ။ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများဖြစ်သေပြည်ထောင် စုကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ကိုယ်စားလှယ် ၁၇ ဦးအား တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ ဖိတ်ကြားစာကို ဇူလိုင်လ ၈ ရက်နေ့က ပေးပို့သည်။

Monday, April 8, 2024

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရ ရပ်တည်ချက် ထုတ်ပြန်

ဧရာဝတီ ဘလောက်
Tuesday, June 18, 2013 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအပေါ် အစိုးရရဲ့ ရပ်တည်ချက် ရှင်းလင်းတာကို ယနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လ-ဝ-က ဝန်ကြီး ဦးခင်ရီ၊ ဓာတ်ပုံ- သမ္မတရုံး ဝက်ဆိုက်

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂ ခုနှစ်)နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရပ်တည်ချက် သဘောထား ရှင်းလင်းချက်

[၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ဘယ်လိုဖြစ်လာသလဲ၊ ဘာတွေ ပြဌာန်း ထားသလဲ၊ ဘာ့ကြောင့် ပြင်ဆင်ဖို့ မလိုဟု အစိုးရက ခံယူထားသလဲ အကျယ်ကို ဖတ်ရှုနိုင်ပါသည်။]

Saturday, October 8, 2022

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

ဧရာဝတီ
8 October 2022

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်
 
ပါတီတွင်း အားပြိုင်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တတိယ အကြိမ် ညီလာခံ အပြီးမှာတော့ လဝက ဝန်ကြီးဟောင်း၊ ရဲချုပ်ဟောင်း ဦးခင်ရီဟာ မူလကတည်းက ရေပန်း စားနေသလို ပါတီဥက္ကဌသစ် ဖြစ်လာခဲ့ပါတယ်။

ဦးခင်ရီ ပါတီဥက္ကဌသစ် ဖြစ်လာတာရဲ့နောက်ကွယ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စွက် ဖက် ချယ်လှယ်မှုတွေနဲ့အတူ မိုးကျရွှေကိုယ် စစ်တပ်အငြိမ်းစား အရာရှိတွေက ပါတီရဲ့အရေးပါတဲ့ ခေါင်းဆောင် နေရာတွေမှာ နေရာ ဝင်ယူမယ့် သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Wednesday, March 23, 2022

အဂတိလိုက်စားမှုဆိုးရွားနေသည့် နိုင်ငံသားကတ်ထုတ်ပေး မှု

ဧရာဝတီ
23 March 2022

စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးခင်ရီ
 

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) များ ပြုလုပ်ပေးရာတွင် သတ်မှတ်ငွေကြေး ထက် ပိုမိုတောင်းခံ မှုများ ရှိနေကြောင်း သိရသည်။

ဌာနက သတ်မှတ်ထားသည့် တရားဝင် စာရွက်စာတမ်းကြေးမှာ ထောင်ဂဏန်းမျှသာ ရှိသော်လည်း တကယ်တမ်း သက်ဆိုင်ရာ ရုံးများသို့ သွားရောက်လုပ်ကိုင်သည့်အခါ ပိုက်ဆံပိုပေးမှသာ လုပ်ငန်းစဉ်များ ချောမွေ့စွာ ပြီးစီး ကြောင်း မန္တလေးမြို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။ 

Friday, March 15, 2013

Thursday, September 13, 2012

( 13.09.2012 ) လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ ကို ကိုကျော်ကျော်အောင် ကတွေ့ဆုံမေး မြန်း ထားတာကို ထုတ်လွှင့်ပေးမှာပါ။

Published on Sep 13, 2012
ရခိုင်ပြည်နယ် အတွင်းကို နိုင်ငံခြားသား ဝင်ရောက်မှု အခြေအနေတွေအပေါ် လူဝင်မှုကြီးကြပ်ရေးဌာနက ကိုင်တွယ်ဖြေရှင်းနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီကို ကိုကျော်ကျော်
အောင် က တွေ့ဆုံမေးမြန်းထားတာကို ထုတ်လွှင့်ပေးမှာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */