" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး. Show all posts
Showing posts with label ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး. Show all posts

Sunday, May 17, 2020

လုံခြုံရေးကောင်စီမှာ ကိုဗစ်ကာလ ရခိုင်အရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ချဖို့ သဘောတူညီမှု မရရှိ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.05.17
ကိုဗစ်ကြောင့် လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးကို အခုလို မျက်နှာစုံညီအစည်းအဝေးပုံစံ မဟုတ် ဘဲ အွန်လိုင်းကနေ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

Saturday, August 24, 2019

မြန်မာ့တပ်မတော်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဆွေးနွေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-08-23
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးမှာ ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ FFM အဖွဲ့ဝင် ရာဒီကာကုမာရဆွာမိ။
Screen shot: UN Web TV

မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေး ယူဆောင်ရွက်သင့်လဲ ဆိုတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေး ကြပါတယ်။

Tuesday, March 5, 2019

မြန်မာ့အရေး ICC လွဲှပြောင်းရေး လုံခြုံရေးကောင်စီ ဥက္ကဋ္ဌသစ်ကို တိုက်တွန်း

VOA
 ဗွီအိုအေ (မြန်မာဌာန)
မဆုမွန်၊
05 မတ်၊ 2019
လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Francois Delattre

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့် အ ရေး အခြေအနေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ပြစ်မှုဆိုင်ရာခုံရုံး (ICC) ကို လွဲှပြောင်းနိုင် အာင် ကြိုးပမ်းဖို့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ ၈၀ ကျော်က ဒီနေ့ပဲ ပူးတွဲတောင်းဆိုလိုက်ကြပါတယ်။

Saturday, March 2, 2019

ဒုက္ခသည်ပြန်လာရေး ဘင်္ဂလား-မြန်မာ သဘောတူ ညီချက် လိုက်နာဖို့လို

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဉာဏ်ဝင်းအောင်၊
02 မတ်၊ 2019
လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း

ရိုဟင်ဂျာဒုက္ခသည် ပြန်လည်လက်ခံရေးကိစ္စမှာ ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံကို အပြစ်ပုံချနေတာကများပြီး အဲ ဒီအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ဖို့ ဆိုရင် ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂နိုင်ငံ သဘောတူညီ ချက်တွေ အတိုင်း တိကျစွာလုပ်ဆောင်ဖို့ လိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားလိုက် ပါ တယ်။ 

Friday, March 1, 2019

မြန်မာနိုင်ငံ အခြေအနေ ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးဖွင့် ရှင်းလင်းပွဲကျင်းပ

နေပြည်တော် မတ် ၁

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီကွေတိုရီယယ် ဂီနီနိုင်ငံက မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့် ရှင်းလင်းပွဲတစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရတ်နာဘာဂင်နာ တက်ရောက်၍ ဖေဖော်ဝါရီ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်း ပါဝင်ပြောကြားခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */