" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သံဖြူဇရပ်. Show all posts
Showing posts with label သံဖြူဇရပ်. Show all posts

Wednesday, August 16, 2023

သံဖြူဇရပ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၁၄၀ ကို လူဝင်မှု ဥပဒေနဲ့ တရားစွဲဆို

RFA
RFA Burmese
2023.08.16

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။Citizen Journalist

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၄၀ ဦးကိုလူဝင် မှုကြီးကြပ်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး ကျိုက်မရောအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင် တွေ ကပြောပါတယ်။

Saturday, August 12, 2023

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦးကို စစ်ကောင်စီဖမ်းဆီး

RFA
RFA Burmese
2023.08.12

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက် မ နေ့ မနက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လမ်းခင်းကျောက်သယ်တဲ့ ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်နဲ့ ၁၄ မိုင်အကွာ ဝဲခမီကျေးရွာ၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တာလို့ မွန် ပြည် နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။

သံဖြူဇရပ်တွင် ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
August 11, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာမှာ သြဂုတ် ၁၁ ရက် ဒီနေ့မနက် ၆ နာရီက မြေသယ်ယာဥ် တစီး ပေါ်ကနေ ရိုဟင်ဂျာ ၁၄၃ ယောက်ကို စစ်ကြောင်းလှည့်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေ ဆီက သိရပါတယ်။ 

ဒီနေ့မနက် ၆ နာရီခွဲက ဝဲခမီကျေးရွာအနီးမှာ မြေသယ်ယာဥ်လေးစီးကို မသင်္ကာလို့ စစ်ဆေးခဲ့ရာ ရိုဟင်ဂျာအမျိုး သား၊ အမျိုးသမီး ၁၄၃ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

Tuesday, March 28, 2023

သံဖြူဇရပ်နှင့် ပန်းတောင်းတွင် ရိုဟင်ဂျာ ၃၁ ဦးဖမ်းဆီးခံရ

DVB 
27 March, 2023

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်တို့မှာ   မတ်လ ၂၆ ရက်က အထောက်အထားမဲ့ ရိုဟင်ဂျာ  ၃၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သံဖြူဇရပ်မြို့နယ်၊ ခလောက်ချကျေးရွာအနီးမှာ မနေ့ နေ့လယ်က  ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်နဲ့ ရဲတွေက လိုက်လံရှာဖွေရာမှာ ဖမ်းမိခဲ့တာလို့  ဒေသခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။

Saturday, March 25, 2023

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ အဖမ်းခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၅ မတ်၊ ၂၀၂၃

(မှတ်တမ်း ပုံဟောင်း) - အင်ဒိုနီးရှားမှာ ထိန်းသိမ်း ခံထားရသည့် ရိုဟင်ဂျာဒုက္ခသည်များ။
 

မလေးရှားကို ထွက်ပြေးဖို့ ကြိုးစားတယ်လို့ယူဆရတဲ့ ရိုဟင်ဂျာ ၁၅၀ လောက်ကို မြန်မာအာဏာပိုင်တွေ ဖမ်းဆီး ထားကြောင်း တာဝန်ရှိသူတဦးရဲ့ သောကြာနေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့အဖွဲ့ကို သံဖြူဇရပ်မြို့နယ်မှာ ဖမ်းဆီးတာဖြစ်ကြောင်း မီဒီယာကို ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်တဲ့ တာဝန်ရှိသူက AFP ကို ပြောပါတယ်။ ဒီလူတွေကို ဖမ်းဆီးရတဲ့ အ ကြောင်းရင်းကိုလည်း မပြောပါဘူး။ ရွာ ၂ ရွာကြားက တောထဲမှာ ပုန်းအောင်းနေကြတာ ဖြစ်ကြောင်း၊ သတင်း ပေး တိုင်ကြားချက် အရ ကြာသပတေးနေ့ ညနှောင်းပိုင်းကတည်းက စပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။

Friday, March 24, 2023

ရိုဟင်ဂျာ ၁၅၀ သံဖြူဇရပ်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.24 

မွန်ပြည်နယ် သံဖြူဇရပ်မြို့အား တွေ့ရစဉ်။

မလေးရှားကိုသွားမယ့် ရိုဟင်ဂျာ ၁၅၀ နီးပါးကို မွန်ပြည်နယ် သံဖြူဇရပ်မှာ စစ်ကောင်စီက ဖမ်းလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာ အရာရှိတစ်ယောက်က ပြောတဲ့ အကြောင်း AFP သတင်းမှာ ဒီနေ့ ဖော်ပြထား ပါတယ်။

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကိုဖမ်းမိတာလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ ရွာနှစ်ရွာကြားက တောစပ်နားမှာ ပုန်းနေကြပြီး မနေ့ညကတည်းက ရှာဖွေတွေ့ရှိတာလို့ ပြောပါတယ်။

Monday, March 13, 2023

သံဖြူဇရပ်မြို့နယ်အတွင်း ရိုဟင်ဂျာ လူကုန်ကူးမှုများ ရှိလာ

DVB
2023 March 13 


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးနဲ့ အနင်းကြားကငပိကျွန်းမှာ ရခိုင်ပြည်နယ်ဘက်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို စုရပ်လုပ်ပြီး လူကုန်ကူးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေကို စုရပ်ကနေတဆင့် မြေကြီးသယ်တဲ့ ကားနဲ့ ထိုင်း-မြန်မာနယ်စပ်ဘက်ကို ပို့ဆောင်နေပြီး ရိုဟင်ဂျာတယောက်ကို ကျပ်သိန်းနဲ့ချီပေးရကာ အများဆုံးက ဘင်္ဂလားဒေ့ရှ် မြန်မာဒုက္ခသည်စခန်းကနေ အများဆုံးက ပါဝင်ကာ ထိုင်းနဲ့ မလေးဘက်ကို သွားရောက်ကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */