" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ရိုဟင်ဂျာ အရေး. Show all posts
Showing posts with label ရိုဟင်ဂျာ အရေး. Show all posts

Saturday, June 5, 2021

ရိုဟင်ဂျာ အရေး မူဝါဒနဲ့ ပတ်သက်ပြီး NUG ရှင်းလင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-06-05

ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး NUG အစိုးရရဲ့ မူဝါဒ ထုတ်ပြန်ထားတာနဲ့ ပက်သက်ပြီး၊ မနေ့က ပြုလုပ်တဲ့ သ တင်းစာ ရှင်းလင်းပွဲမှာ NUG အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းမီဒီယာတွေကို အ ကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။

Sunday, November 24, 2019

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ မြန်မာကို ICC စုံစမ်းနိုင်ပေမဲ့ ဘယ်လိုအရေးယူနိုင်လဲ

B B C
ဘီဘီစီ မြန်မာပိုင်း
24 နိုဝင်ဘာလ 2019




ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း တပ်မတော်က ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ အတင်းအကြပ် ပြောင်းရွှေ့စေတာတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေ အတွက် ကန ဦး စစ်ဆေးမှုတွေ စတင်တော့မယ်လို့ ICC က ထုတ်ပြန်ထားပါတယ်။

အဲဒီတော့ ICC က မြန်မာကို ဘယ်လိုစုံစမ်းမလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် ICJ - International Commission of Jurists ရဲ့ အကြီးတန်း ဥပဒေအကြံပေး ကင်းစလေ အဘော့ ကို ဘီဘီစီ အကြီးတန်းသတင်းထောက် စောရန်နိုင်က သီးသန့် တွေ့ဆုံမေးမြန်း ထား ပါတယ်။

ရိုက်ကူး - စံကျော်ထွန်း

လင့်၊https://www.bbc.com/burmese/50536395

Wednesday, November 6, 2019

ရိုဟင်ဂျာအရေး အမေရိကန် အပြည့်အဝထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြော

06 နိုဝင်ဘာ၊ 2019 
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အပြည့်အ၀ ထောက် ခံတယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်အာရှနဲ့ အာရှအလယ် ပိုင်း ဆိုင်ရာ ခေတ္တ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Alice Wells နဲ့ ၁ နာရီကြာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို ပြောတာဖြစ်ပါတယ်။

Monday, November 4, 2019

ရခိုင်အရေး ကုလစိုးရိမ်ချက် အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်

VOA
 04 နိုဝင်ဘာ၊ 2019 
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး တက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းဒုတိယဝန်ကြီးချုပ် Anutin Charnvirakul က လေဆိပ်တွင် ကြိုဆိုနေစဉ်။ (နိုဝင်ဘာ ၁၊ ၂၀၁၉)
 

ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရ သက်တမ်းထက် ဆယ်ဆလောက် အဲဒီဒေသမှာ ရှိခဲ့ကြတဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာရဲ့ သိမ်မွေ့ ရှုပ်ထွေးမှုကို အနည်းအကျဉ်း သိထားဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို တုံ့ပြန် ပြောဆိုခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Wednesday, October 23, 2019

တောင်အာရှဒေသလူ့အခွင့်အရေး ကန်အောက်လွှတ်တော် ကြားနာပွဲ ရိုဟင်ဂျာအရေး ထည့်သွင်းပြောဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
23 အောက်တိုဘာ၊ 2019
ကျော်ကျော်သိန်း
မြန်မာနိုင်ငံကနေထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ဒုက္ခသည်တွေအရေးကို တောင်အာရှဒေသပေါ် သက်ရောက်နေတဲ့ ကိစ္စရပ်တွေထဲကတခုအဖြစ် အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တဦးက သတ် မှတ်ပြောဆိုပါတယ်။

တောင်အာရှဒေသတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ အင်္ဂါနေ့က အမေရိကန်အောက် လွှတ် တော် ဆပ်ကော်မတီခွဲ တခုမှာလုပ်တဲ့ ကြားနာပွဲအတွင်း အဲဒီလိုပြောသွားတာပါ။ ဒီပြောဆိုချက်တွေကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Wednesday, September 18, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေး ကုလမှာ သီးခြား ဆွေးနွေးဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်နေပြီ ဖြစ်တဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဘေးပန်းမှာ မြန်မာ၊ ဘင်္ဂလားဒေရှ့်နဲ့ တရုတ်နိုင်ငံတို့ သုံးနိုင်ငံ သီးခြားတွေ့ဆုံပြီး ရိုဟင်ဂျာ အေ ရး ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီရဲ့ ဥက္ကဌ Muhammad Faruq Khan က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

Thursday, September 5, 2019

ရိုဟင်ဂျာ ဒုက္ခသည်အရေး ဘင်္ဂလားဒေရှ့် ဂျပန် အကူ အညီတောင်းခံ

VOA
05 စက်တင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)


ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ ဂျပန်အစိုးရက အကူအညီတွေပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Shahriar Alam က ဂျပန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Toshiko Abe ကို ပန်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောက်ပေးထားတဲ့ နေအိမ်တွေရှိရာ ဘာဆန်ချား ကျွန်းကို Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာ တသိန်းပြောင်းရွှေ့ရေးမှာပါ အကူညီပေးဖို ပန်ကြားလိုက်တာပါ။

Friday, August 30, 2019

ရိုဟင်ဂျာအရေး ဝိုင်းဝန်းကူညီဖို့ ဘင်္ဂလားဒေ့ရှ် တိုက် တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန
30 သြဂုတ်၊ 2019



ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာအစိုးရမှာ တာဝန်ရှိတဲ့အတွက် နိုင်ငံတကာက ၀ိုင်းဝန်း ကြိုးပမ်းတိုက်တွန်းကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး AK Abdul က ဒါကာမြို့ အခြေစိုက် နိုင်ငံ တကာ သံတမန်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ တိုက်တွန်း လိုက်ပါ တယ်။

Thursday, August 29, 2019

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 သြဂုတ်၊ 2019

မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အ
ခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက် ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိ သူတစ်ဦးက ပြောပြတယ်။

Thursday, August 1, 2019

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ အာဆီယံ အလေးထား ဆောင်ရွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
01 သြဂုတ်၊ 2019
ရဲမင်းထွန်း
 ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ဦးကျော်တင် တက်ရောက်။ 

(၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ အစည်းအဝေးမှာ အရှေ့တောင် အာရှ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။

Wednesday, July 31, 2019

မြန်မာအပေါ် လူ့အခွင့်အရေးဖိအားပေးဖို့ ဂျပန်ကို HRW တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
30 ဇူလိုင်၊ 2019
ဒေါ်ခင်မျိုးသက်
၂၀၁၈ ဇန်န၀ါရီလတုန်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono နဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်  

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ ခရီးစဉ် သွားရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Taro Kono အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေနဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားဖို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။

Friday, July 19, 2019

ရိုဟင်ဂျာအရေး မြန်မာအပေါ် ဘဏ္ဍာရေးအရ ဒဏ် ခတ်ဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တ သန်းနီး ပါးကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လိုလားနေပြီး အဲဒီလိုဖြစ်လာအောင် နိုင်ငံတကာ က ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုနဲ့ ထောက်ခံ ပံ့ပိုးစေချင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

ရိုဟင်ဂျာနှိပ်ကွပ်မူ ကန်အရေးယူပုံ ယန်ဟီးလီ ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
19 ဇူလိုင်၊ 2019
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှု ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်း ဆောင် တွေအပေါ် အမေရိကန်အစိုးရရဲ့ ဒီသီတင်းပတ်အတွင်း ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး Yanghee Lee က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

Saturday, April 20, 2019

ရိုဟင်ဂျာဌာနေပြန်ရေး မြန်မာ-ဘင်္ဂလာဒေ့ရှ် ၄ ကြိမ် မြောက် ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ဒုက္ခသည်စခန်းထဲက ဈေးထဲမှာ ရိုဟင်ဂျာဒုက္ခသည်များ စုဝေးနေကြစဉ် (မတ်၊ ၀၇၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ၄ ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်မှာ မေ လ ၃ ရက်နေ့ကျရင် ကျင်းပပါလိမ့်မယ်။

Saturday, April 6, 2019

ရိုဟင်ဂျာအရေး အမေရိကန်မိတ်ဆွေများဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဝင်းမင်း ၊06 ဧပြီ၊ 2019

ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar ဒုက္ခသည်စခန်းရှိ ဈေးထဲက ရိုဟင်ဂျာ ဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉)

ရိုဟင်ဂျာအရေး အမေရိကန်အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးရေး အမေရိကန်ပြည်သူတွေကတဆင့် ဖိ အားပေးသွားဖို့ ရိုဟင်ဂျာဆွေးနွေးပွဲကြီးတခု ကျင်းပနေပါတယ်။

အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း Oregon ပြည်နယ်မှာ မနေ့ကစ (၃) ရက်တာ ဆွေးနွေးပွဲထဲမှာ အ ဓိက အားဖြင့် ရိုဟင်ဂျာတွေ ခံစားနေရတာနဲ့ Genocide (ခေါ်) လူမျိုးတုန်းသတ်ဖြတ်မှုတွေအကြောင်း အ ဓိက ဆွေးနွေးဖို့ ရှိနေပါတယ်။

Thursday, April 4, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
အောင်အောင် ၊03 ဧပြီ၊ 2019


 Woodrow Wilson Center မှာ ရိုဟင်ဂျာဒုက္ခသည်တွေ အနာဂတ်အရေး ၀ါရှင်တန်မှာ ဆွေးနွေးစဉ်
ရခိုင်ပြည်နယ်မှာ ၂၀၁၇ က မြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ တွေရဲ့ အနာဂတ်အရေး ဆွေးနွေးပွဲကို ၀ါရှင်တန်ဒီစီမြို့တော်က Woodrow Wilson Center မှာ ဧပြီလ ၂ ရက်နေ့က ကျင်းပပါတယ်။ ဆွေးနွေးပွဲမှာ O.P. Jindal Global တက္ကသိုလ်၊ အရှေ့တောင်အာရှလေ့လာရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူး Dr. Nehginpao Kipgen က ဦးဆောင် ဆွေးနွေးခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့ ရင် ဆိုင်ရနိုင်တဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ကိုအောင်အောင်က မေးမြန်းရာမှာတော့ သူက အခုလို စပြော ပါတယ်။

ရိုဟင်ဂျာတွေရဲ့ အနာဂတ် ဆွေးနွေးပွဲ

VOA
ဗွီအိုအေ (မြန်မာဌာန) 
အောင်အောင် ၊ 03 ဧပြီ၊ 2019


ရခိုင်မှာ၂၀၁၇က မြန်မာလုံခြုံရေးတပ်တွေရဲ့နယ်မြေရှင်းလင်းမှုကြောင့်ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာအနာဂတ်အရေးဆွေးနွေးပွဲကိုဝါရှင်တန်ဒီစီမြို့တော် Woodrow Wilson Center မှာ ဧပြီလ၂ ရက်နေ့ကကျင်းပပြီး မြန်မာ့အရေ ကျွမ်းကျင်သူ Dr. Nehginpao Kipgen ဦးဆောင်ဆွေး
နွေးခဲ့တာပါ။ ကိုအောင်အောင်တင်ပြပါမယ်။


လင့်၊https://burmese.voanews.com/a/4860156.html?ltflags=mailer

Monday, November 5, 2018

မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံတကာဖိအားများ

RFA 
လွတ်လပ်တဲ့ အာရှအသံ
(နန္ဒာချမ်း)
2018-11-05

ရိုဟင်ဂျာအရေး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေဟာ ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်း ချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အစိုးရရဲ့ကြိုးပမ်းမှုတွေမှာ အထောက်အကူ ဖြစ် စေနိုင်သလား။ နိုင်ငံတကာဖိအားတွေကြောင့် တပ်မတော်က မြန်မာ့နိုင်ငံရေးမှာ ပြောင်းလဲလာဖို့ တွန်း အားတွေ ဖြစ်လာမလားဆိုတဲ့အပေါ် မြန်မာ့အရေး အကဲခတ်သူတွေရဲ့ အမြင်တွေကို မေးမြန်းပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။




■ ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်သံတွေ အတော်လေး အရှိန် မြင့် လာနေပါတယ်။ ပြီးခဲ့တဲ့တပတ်ကပဲ EU ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကနေ ပြန်သွားပြီး နာက်ပိုင်း… နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို NLD အစိုးရက မဖြေရှင်းနိုင်ဘူးဆိုရင် ပေးထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */