" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 24, 2024

သံဖြူဇရပ်မြို့ ဝါခရူကျေးရွာတွင် ရိုဟင်ဂျာ ၁၀၀ ကျော်ဖမ်းမိ

DVB
January 24, 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီးရှိ ရာဘာခြံတခုမှာ ဒီနေ့မနက် ၈ နာရီခွဲက ရိုဟင်ဂျာ ၁၁၇ ဦးကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝါခရူကျေးရွာအနီးရှိ ရာဘာခြံထဲမှာ ရိုဟင်ဂျာတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတွေက ဝင်ရောက်ရှာဖွေခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လူတွေက အများကြီးရောက်လာတာဆိုတော့ ရွာထဲက လူတွေက အုပ်ချုပ်ရေးကိုဖုန်းဆက်ပြီး သတင်းပို့တာ။ လူကြီးရော၊ ကလေးရော၊ တရာကျော်တယ် စစ်တပ်က ကားနဲ့ခေါ်သွားတယ်။"

မလေးရှားကို အလုပ်လုပ်သွားလုပ်ဖို့ သံဖြူဇရပ်မြို့ရှိ လူပွဲစားတဦးရဲ့ အဆက်အသွယ်နဲ့ ရခိုင်ပြည်နယ်မှ ရောက်ရှိလာတာလို့ အုပ်ချု ပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ယောကျ်ားလေးက ၅၉ ယောက်၊ မိန်းကလေးက ၅၈ ယောက်။ မိန်းကလေး ၅၈ ထဲမှာ ကလေး ၇ ယောက်ပါတယ်၊ အခုလဝကနဲ့စစ်တပ်က စစ်ဆေးနေတယ်။"

လတ်တလောမှာ ဖမ်းဆီးရမိသူတွေကို စစ်ကောင်စီတပ် နဲ့ လဝကဦးစီးဌာနက စက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမမှာ စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က သံဖြူဇရပ်မြို့နယ်အတွင်း ရိုဟင်ဂျာ ၅၄၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လဝ အက်ဥပဒေနဲ့တရားစွဲကာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */