" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကော့ဇ်ဘဇား. Show all posts
Showing posts with label ကော့ဇ်ဘဇား. Show all posts

Thursday, July 9, 2020

ဘင်္ဂလားပင်လယ်ထဲက အန္တရာယ်များတဲ့ မြေနုကျွန်းပေါ် ရောက်နေတဲ့ ရိုဟင်ဂျာတွေ

B B C
ဘီဘီစီ မြန်မာပိုင်း
2020.07.09
ကော့ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု (၂၀၁၇ ခုနှစ် )


သက်တမ်းနုတဲ့မြေနုကျွန်းတကျွန်းပေါ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ စီစဉ်မှုအရ သွားနေနေရတဲ့ ရာနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကော့ဆက်ဘဇား ဒုက္ခသည်စခန်းတွေမှာ သူတို့ရဲ့ မိသားစု ဆွေမျိုးတွေနဲ့ အတူပြန်နေနိုင်ရေးအတွက် အမြန်ပြန်ပို့ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က တောင်းဆိုနေပါတယ်။

လွန်ခဲ့တဲ့ မေလအတွင်းကတည်းက သူတို့ကို အဲဒီကျွန်းမှာ ထားရှိတာဖြစ်ပြီး ပင်လယ်ထဲမျောနေခဲ့တဲ့ အဲဒီ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ကျော်ကို ကိုဗစ် - ၁၉ ဗိုင်းရပ်စ် ပြန့်ပွားမှုတားဆီးရေးအတွက် ဘာစန် ချာ (Bhasan Char) ကျွန်းကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ကွာရန်တင်းလုပ်ဖို့ထားခဲ့တယ်လို့ ဆိုပါတယ်။

Saturday, June 6, 2020

မောင်တောမြို့အနီး ကော့ဘဇားခရိုင်ကို ကိုဗစ်-၁၉ အနီ ရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ကြေညာ


DVB
By DVB
6 June 2020
ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ ကော့ဘဇားခရိုင်ကို ကိုဗစ်-၁၉ အနီရောင်ဇုန် အ ဖြစ် ဘင်္ဂလားဒေ့ရှ်က ကြေညာလိုက်ပါတယ်။

ကော့ဘဇားခရိုင်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိသလို ဒုက္ခသည်စခန်းပေါင်း ၃၄ ခု ရှိပါတယ်။ ဒီဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တွေ့ရှိပြီးနောက် မတ်လ ၁၄ ရက်နေ့ကတည်းက လော့ဒေါင်း ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

Monday, March 18, 2019

ဒုက္ခသည် ထောက်ပံ့ငွေ အလွဲသုံးစား ဖြစ်နိုင်ချေကို ဘင်္ဂလားဒေ့ရှ် စုံစမ်းနေ

ဧရာဝတီ
By Muktadir Rashid 18 March 2019 

အသားရိက္ခာဝေငှရာတွင် တန်းစီစောင့်ဆိုင်းနေသော ဒုက္ခသည်များ / Reuters

ကော့ဘဇားရှိ ဒုက္ခသည် ၁ သန်းကျော်အတွက် ပေးအပ်သည့် ထောက်ပံ့ကြေးများ အလွဲသုံးစားဖြစ်နိုင်ချေ ရှိ/မရှိ စုံစမ်းစစ်ဆေးရန် ထောက်လှမ်းရေးဌာနများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ယခင်တပတ် ဗုဒ္ဓဟူးနေ့တွင် တာဝန်ပေးလိုက်သည်။

“စွပ်စွဲချက်တွေ ကျနော် လက်ခံရရှိထားပါတယ်။အဲဒီအထဲမှာ ဥပဒေကြောင်းအရ ခိုင်လုံတာတွေ ပါပါတယ်” ဟု လွတ်မြောက်ရေး စစ်ပွဲရေးရာဝန်ကြီး အေကေ အမ်မိုဇမ်မဲဟက်က ပြောသည်။ ၄င်းသည် အစိုးရအဖွဲ့၏ ငြိမ်ဝပ်ပိပြားမှုကော်မတီကို ဦးဆောင်လျှက် ထောက်လှမ်းရေးဌာနများကို ယင်းကိစ္စစုံစမ်းရန် စေခိုင်းသူ လည်း ဖြစ်သည်။

Thursday, February 28, 2019

Cox's Bazar ဒုက္ခသည်စခန်း ရိုဟင်ဂျာကလေးတွေ အရေး ကုလစိုးရိမ်

VOA 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် သန်းတ ဝက် လောက်ရှိနေပြီး သူတို့ရဲ့အနေထားက မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဓါတ်ကျဖို့ရာ သိပ်ကိုလွယ်ကူစေ တာကြောင့် ဒီကလေးငယ်တွေရဲ့အနာဂတ်ဟာ အတော်ကို စိုးရိမ်စရာကောင်းနေတယ်လို့ UNICEF ကပြောပါတယ်။ ဒေါ်ခင်မျိုးသက်က ပြောပြထားပါတယ်။


လင့်း၊https://burmese.voanews.com/a/unicef-fore-rohingya-children/4807417.html?ltflags=mailer

Friday, February 1, 2019

ရိုဟင်ဂျာအရေး ကူညီဖြေရှင်းဖို့ ကန်ကို ဘင်္ဂလား ဒေရှ့်တိုက်တွန်း


အမေရိကန်အစိုးရရဲ့ တခြားနိုင်ငံတွေနဲ့ထားရှိတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အသုံးချပြီး ရိုဟင်ဂျာပြဿ နာ အဆုံးသတ်ရေးအတွက် မြန်မာကိုနားချပေးဖို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးEarl Miller ကို ပန်ကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသစ် AK Abdul Momen က ပြော ပါ တယ်။

Friday, January 25, 2019

မြန်မာ့တပ်မတော်မှ စစ်သားတစ်ဦး ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ

        နယ်ခြားစောင့်ရဲ ဝတ်စုံ ဝတ်ဆင်ထားသော်လည်း မြန်မာ့တပ်မတော် တပ်ရင်း ၂၈၇ မှဟု ထွက်ဆိုသော အောင်ဘိုသင်း (ဓါတ်ပုံ - Teknaf Today)

မြန်မာ့တပ်မတော်မှ စစ်သားတစ်ဦးကို ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးက ဘန်ဒါဘန် ခရိုင်၊ နာခိုင်ဆူရီ ရှိ လမ်ဘာခ်ျဟရီ နယ်စပ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Teknaf Today ၏ သတင်း တစ်ရပ်တွင် ဘင်္ဂါလီဘာသာဖြင့် ဇန်နဝါရီလ (၂၄) ရက်နေ့က ရေးသားခဲ့သည်။

ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းက အသံ - ဆိုက်ဒူလ်အာမီးန်

                                ကစားစရာ၊ အလှကုန်ပစ္စည်းတွေ ရောင်းနေတဲ့ ဆိုက်ဒူလ်အာမီးန် (ဓါတ်ပုံ - Photo: WFP/Gemma Snowdon)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို လျှပ်တစ်ပြက်ကြည့် လိုက်ပါ။ အသက် ၂၀ နှစ်အရွယ် ဆိုက်ဒူလ်အာမီးန်နဲ့ သူ့ရဲ့ အစ်ကို နိုဘီဟူစိန်းတို့က မိသားစုဝင် ၁၄ ဦးရှိတဲ့ မိသားစုထဲက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။

ဆိုက်ဒူလ်အာမီးန် ပြောတာကတော့ --

ကျွန်တော်တို့ ဒီကိုရောက်လာကြတာ တစ်နှစ်ကျော်သွားပါပြီ။ မြန်မာနိုင်ငံမှာတုန်းက ကျွန်တော့်အဖေက လယ်သမား၊ ကျွန်တော်က ကျောင်းတက်နေခဲ့တယ်။ အဲဒီတော့ ကျွန်တော် အဲဒီမှာ အလုပ်မလုပ်ခဲ့ဘူး။ ဒီမှာကျတော့ ကျွန်တော်တို့ လယ်စိုက်လို့မရဘူး။ အလုပ်လည်း မရနိုင်ဘူး။ အဲဒါကြောင့် ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို နိုဘီ တို့ ဒီပစ္စည်းတွေကို စပြီးရောင်းခဲ့ကြတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */