" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ၅၄ ကြိမ်မြောက်. Show all posts
Showing posts with label ၅၄ ကြိမ်မြောက်. Show all posts

Monday, October 2, 2023

အိုရှာအစီရင်ခံစာနှင့် မြန်မာပြည်က ကြေကွဲစရာ အဖြစ်ဆိုး ကြီးများ

သျှမ်းသံတော်ဆင့်
By SHAN
October 2, 2023

နိဒါန်း

“ဒီပြောပြလို့ မရနိုင်တော့တဲ့ ကြေကွဲစရာအဖြစ်ဆိုးကြီးကို အဆုံးသတ်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အတွေးအခေါ်အသစ်တွေ အရေးတကြီးလိုအပ်နေပါတယ်”။ ၅၄ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင် စီအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီး ဗော်ကာတာခ် (Volker Türk)ကတောင်း ဆိုသတိပေးခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားကို ထိန်းသိမ်းထားနိုင်ဖို့အတွက်အတင်းအကြပ်ဖိအားပေးဖို့နှင့်လူ့အဖွဲ့စည်း ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားသည့် ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုစနစ်ဆိုးကို မြန်မာပြည်သူများ ရင်ဆိုင် နေရသည်ဟုလည်း ဆိုပါသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */