" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ေဆာင်းပါး. Show all posts
Showing posts with label ေဆာင်းပါး. Show all posts

Friday, November 3, 2023

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှု ဟု ဒုက္ခသည်များ ဝေဖန်

ဧရာဝတီ
2 November 2023

ကူတူပါလောင် ဒုက္ခသည်စခန်းတွင် တဲအနီး ချက်ပြုတ်နေသော ရိုဟင်ဂျာဒုက္ခသည် / UNHCR

စစ်ကောင်စီအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရန် ဟန်ပြလုပ် ဆောင် နေပြီး နိုင်ငံရေးအရ အသုံးချမှုတခုသာ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များက ပြောသည်

အောက်တိုဘာ ၃၁ရက် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးစောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မောင်တော ခရိုင် လဝကမှူးနှင့် ကိုယ်စားလှယ် ၃၄ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင် တက္ကနက်ဖ် မြို့သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ရာ ဒုက္ခသည်များတင်ပြမှုအပေါ် မည်သည့်ကတိကဝတ်မှ မပေးနိုင် ဘဲ စစ်ကောင်စီ၏ မူဝါဒကိုသာ အကြိမ်ကြိမ်ချပြ ပြောဆိုခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်ရောက် ရိုဟင်ဂျာများက ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */