Showing posts with label ဦးထွန်းခင်. Show all posts
Showing posts with label ဦးထွန်းခင်. Show all posts

Friday, March 14, 2025

ရိက္ခာထက်ဝက်လျှော့ချခံရမဲ့အရေး ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2025.03.13 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီရာဒုက္ခသည်စခန်းအတွင်း ရိက္ခာဝေသည့် နေရာတွင် စောင့်ဆိုင်းနေသော ရိုဟင်ဂျာကလေးငယ်တစ်ဦးအား ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ Photo: AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို တစ်လ ၁၂ ဒေါ်လာခွဲနှုန်း ရိက္ခာထောက်ပံ့ပေးနေရာကနေ တစ်လ ခြောက်ဒေါ်လာအထိ လျှော့ချဖြတ်တောက်တော့မဲ့အကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက အတည်ပြုပြောထားတယ်လို့ မတ်လ ၅ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Wednesday, February 19, 2025

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC
၁၆ ဖေဖော်ဝါရီ ၂၀၂၅
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၂ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။


အာဂျင်တီးနားတရားရုံးကဘယ်လိုအလုပ်လုပ်သလဲ

၂၀၁၇ ခုနှစ်က မြန်မာကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကမ်းခြေတစ်ခုမှာတွေ့ရတဲ့မြင်ကွင်း

စစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ်အရာရှိတွေကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ အာဂျင်တီးနားတရားရုံးဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး စနစ်ကိုအခြေခံထားပြီး ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ ဖယ်ဒရယ်တရားရုံးဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကိုအခြေခံထားတာကြောင့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဥ်းပမ်းနှိပ်စက်တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မြို့တော် ဗျူနိုအေးရီးစ်မှာရှိတဲ့ ဒီဖက်ဒရယ်တရားရုံးကနေ ၂၀၂၁ ခုနှစ်မှာ ယူကေမြန်မာရိုဟင်ဂျာအ ဖွဲ့ (BROUK) ရဲ့ စစ်ခေါင်းဆောင်တွေအပေါ် စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအာဏာကို အာဂျင်တီးနားတရားရုံးအပြင် ဗဟိုအစိုးရရှေ့နေရုံးကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီရုံးက‌နေ အာဂျင်တီးနားတရားရုံးဘက်က တောင်းခံလာတဲ့ အကူအညီတွေအတွက် သက်သေအထောက်အထားတွေ မျှဝေပြီး ပံ့ပိုးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ စည်းထားတာဖြစ်ပါတယ်။

BROUK က တိုင်ကြားခဲ့တဲ့ အဲဒီအမှုကို ၂၀၂၃ ခုနှစ် ဇွန်လ၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ ကြားနာခဲ့ပြီး ရိုဟင်ဂျာမျက်မြင်သက်သေ ၆ ယောက်လည်းထွက်ဆိုခဲ့တယ်လို့ BROUK ကပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာတော့ အာဂျင်တီးနားအစိုးရရှေ့နေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ၂၅ ခုထုတ်ပြန်ဖို့ ဖက်ဒရယ်ရာဇဝတ်ခုံရုံးဆီ တင်သွင်းခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ"ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်"ကိုအသုံးပြုပြီး မြန်မာက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် စွပ်စွဲချက်တွေကို စတင်စစ် ဆေးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။

အဲဒီအချက်ကို အခြေခံပြီး အခြားနိုင်ငံတစ်ခုကနေ တရားစွဲဆိုအမိန့်ချပိုင်ခွင့်ရှိတယ်လို့ IIMM က ထောက်ပြထားပါတယ်။

ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်(Universal Jurisdiction) ဆိုတာဟာ တချို့ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမှုကိုစစ်ဆေးရတဲ့နိုင်ငံနဲ့ ဆက်စပ်မှုမရှိရင်တောင် ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲဆိုမှုပြုလုပ်နိုင်တဲ့ အခွင့်အာဏာဖြစ်တယ်လို့ IIMM က ဆိုပါတယ်။
IIMM ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့အမှုတွေကို စစ် ဆေးနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရား ICJ တို့ကိုလည်း သတင်းအချက် အ လက်နဲ့ စိစစ်သုံးသပ်ချက် အမှုတွဲ ၈၀ ကျော်ကို မျှဝေခဲ့တဲ့အကြောင်း၂၀၂၄ ခုနှစ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ IIMM တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

BROUK ကတော့ မြန်မာစစ်ခေါင်းဆောင်နဲ့ အရာရှိတွေအတွက် အာဂျင်တီးနားတရားရုံးရဲ့ အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းဟာ ရိုဟင်ဂျာအပါအဝင် မြန်မာစစ်တပ်လက်အောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံစားခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ ကြေညာထားပါတယ်။

ဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်လည်းပါဝင်
၂၀၁၆ ခုနှစ်က တွေ့ရတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ် အောင်ဆန်းစုကြည်

အမှုတိုင်ကြားခဲ့တာဟာ ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်မှာ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ BROUK က ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ အခြေအနေကြောင့် သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာတော့ အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်တာကြောင့် ဆိုကာဖြုတ်လို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်မှာ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဖြစ်ပါတယ်။

ရိုဟင်ဂျာအမှုဟာ NLD အစိုးရလက်ထက်မှာဖြစ်ခဲ့တာကြောင့် အာဂျင်တီးနားတရားသူကြီးဦးဆောင် တဲ့အဖွဲ့ကနေ အရပ်ဘက်ခေါင်းဆောင်တွေမှာ တာဝန်ရှိ၊ မရှိစစ်ဆေးဖို့ အချိန်တန်တာကြောင့် ဖမ်းဝရမ်းစာရင်းမှာ တစ်ခါတည်းထည့်သွင်းခဲ့တာလို့ အမှုကိုဆောင်ရွက်ပေးနေတဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ သောမတ်စ်ကွင်းတားနား က VOA သတင်းဌာနကို ဖြေထားပါတယ်။

ဒါပေမဲ့ ဒီအမှုမှာ အရပ်ဘက်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့လားဆိုတဲ့ မေးခွန်းအတွက် အထောက် အထားတွေအရ စစ်တပ်ပါဝင် ပတ်သက်နေတယ်ဆိုတဲ့အခြေအနေလိုမျိုးတော့ ပြတ်ပြတ်သားသားပြောလို့မရတဲ့ အကြောင်း ကွင်းတားနား က နှိုင်းယှဉ်ပြီးရှင်းပြထားပါတယ်။

ကွင်းတားနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ ဦးအောင်ထူး ကတော့ အရပ်သားခေါင်းဆောင်တွေ ဖမ်းဝရမ်းစာရင်းထဲပါလာပေမဲ့ တရားရုံးကို အယူခံဝင်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်ပြပါတယ်။

"အမှန်တရားဖော်ထုတ်ရေးဘက် မျက်နှာမူပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တရားစွဲတဲ့အပိုင်းက လျှော့ပေါ့သက်သာလို့ရတဲ့ ဥပဒေကြောင်းအခြေအနေတွေရှိတယ်" လို့ ဦးထူးအောင်က မှတ်ချက်ပြုပါတယ်။

မြန်မာစစ်တပ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရနိုင်တော့ဘူးဆိုတဲ့ အမှန်တရားကိုလက်ခံပြီး ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အစိုးရအဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အမှုရင်ဆိုင်ချိန် ဖော်ထုတ်ပေးဖို့လိုတယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး အမှုအတွက်ချေပနိုင်တဲ့အခွင့်အရေးမရှိတဲ့ အခုလိုအချိန်မှာ ဖမ်းဝရမ်းထဲထည့်တာက မဖြစ်သင့်တဲ့လုပ်ဆောင်ချက်လို့ ဝေဖန်ထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းအပေါ် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။


ဖမ်းဝရမ်းနောက်ဆက်တွဲခြေလှမ်း

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာရှိတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ဌာနချုပ်

အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို) နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကိုပြောပါတယ်။

"အာဆီယံဥက္ကဋ္ဌ မလေးရှားကိုပို့မယ်။ ဥရောပသမဂ္ဂ(EU) ကိုပို့မယ်၊ ပြီးရင် အစ္စလာမ်မစ် နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုပို့မယ်။ ပြီးတော့ အမေရိကန်နဲ့ ကုလသမဂ္ဂ (UN)ကိုပို့မယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပို့မယ်" လို့ သူက ပြောပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြည်ပနိုင်ငံတွေကို အသွားအလာလုံးဝ လုပ်လို့မရဘဲ ဘယ်နိုင်ငံရောက်နေပါစေ ဖမ်းလို့ရအောင် ရည်ရွယ်ပြီး အခုလိုပို့ဆောင်မှာလို့ ဦးထွန်းခင်က တုံ့ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ချိတ်ဆက်ထားတဲ့ ၁၉၆ နိုင်ငံထဲမှာ အာဂျင်တီးနားနဲ့ မြန်မာ နိုင်ငံလည်းပါဝင်တယ်လို့ အင်တာပိုရဲ့ ဝက်ဘ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနားရှေ့နေကတော့ အင်တာပိုအနေနဲ့ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်ရမှာဖြစ်လို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ သူကဆိုထားပါတယ်။

အင်တာပိုအနေနဲ့ ဖမ်းဝရမ်းလက်ခံရရှိတဲ့အခါ နိုင်ငံတကာရဲလုပ်ငန်းစဉ်တွေအရ စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် အရေးယူမှုလုပ်နိုင်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးက ဘီဘီစီကို ဖြေပါတယ်။

အင်တာပိုအနေနဲ့ အနီရောင်အဆင့် သတိပေးချက် (Red Notice)ကို အဖွဲ့ဝင်နိုင်ငံတွေဆီ တရားဝင်အကြောင်းကြားပြီး ဖမ်းဝရမ်းစာရင်းထဲပါတဲ့သူတွေကို ဖမ်းခိုင်းလို့ရတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

"ဖမ်း မဖမ်းဆိုတာကလည်း သက်ဆိုင်ရာ နိုင်ငံတွေနဲ့ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးအပေါ်မှာလည်း မူတည်မယ်" လို့ သူက ထောက်ပြပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဟာ အာဂျင်တီးနားနဲ့ လွှဲပြောင်းရေးစာချုပ်(Extradiction Treaty)ချုပ်ဆိုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

လွှဲပြောင်းရေးစာချုပ်ဆိုတာဟာ ဝရမ်းထဲပါတဲ့သူကိုဖမ်းပြီး ဝရမ်းထုတ်တဲ့နိုင်ငံကို ပြန်လွှဲပေးတဲ့စာချုပ်ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့ပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံးတွေ့ဆုံဖြေရှင်းရေးကို လမ်းကြောင်းဖော်ထားတဲ့ မလေးရှားက စစ်ခေါင်းဆောင်ကို ဖမ်းဆီးတာမျိုးနဲ့ ဝရမ်းထုတ်တဲ့နိုင်ငံပြန်လွှဲဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ စင်္ကာပူအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန်ဟာ ဖေဖော်ဝါရီလထဲမှာပဲ မြန်မာ့အရေးဖြေရှင်းရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ K2C (KNU၊ KNPP၊ CNF) အဖွဲ့တွေအပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ လည်း တွေ့ဆုံထားပါတယ်။

ICC ဖမ်းဝရမ်း ထပ်ထွက်လာနိုင်လား
ICC ရှေ့နေချုပ်ကာရင်မ်ခန်း (ပုံဟောင်း)

အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်လိုက်တာက နိုင်ငံတကာတရားစီရင်ရေးအရ ICC နဲ့ နိုင်ငံတကာတရားရုံး(ICJ)တို့ရဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် အရေးယူလာနိုင်ဖို့ အားဖြည့်လိုက်တာဖြစ်တယ်လို့ ယူကေအခြေစိုက် မြန်မာရိုဟင်အဖွဲ့ (BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောထားပါတယ်။

"ဒါက ရိုဟင်ဂျာတွေတင်မကဘူး၊ လူမျိုး၊ ကျား၊ မ မခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးအတွက် တရားမျှတမှုပဲ" လို့ BROUK က ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ၅ နှစ်ကြာစုံစမ်းပြီး စစ်ခေါင်းဆောင်မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်ထွက်လာပါတယ်။

အဲဒီနောက် ICC ရှေ့နေချုပ်ကာရင်မ်ခန်းက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး ICC ရုံးတော်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးတာဝန်ခံမှုရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာခရစ္စတိုဖာဂန်းနက်စ် က ၂၀၂၄ ဒီဇင်ဘာက ဘီဘီစီနဲ့ အင်တာဗျူးမှာ မြန်မာ စစ်ခေါင်းဆောင် အတွက် ICC ရဲ့ ဖမ်းဝရမ်းပါထပ်ပြီး ထွက်လာမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘာ့နိုင်ငံတွေလက်ခံဖို့ပိုခက်ခဲသွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။

တဖက်မှာလည်း ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ကာလမှာအာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကိုပါ ဆက်စပ်ပြီးစဉ်းစားနိုင်တယ်လို့ နိုင်ငံတကာဥပဒေ ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

"ရိုဟင်ဂျာအမှုအကြောင်းအရာတူနေတဲ့အတွက် ICC အနေနဲ့ စဉ်းစားနိုင်တယ်"လို့ သူကဆိုပါတယ်။

ICC ရဲ့ ဖမ်းဝရမ်းထွက်လာရင်တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် လုပ်ငန်းစဉ်တစ်ခုလုံးအပေါ်မှာအပျက်သဘောသက်ရောက်သွားနိုင်တယ်လို့ ဦးအောင်ထူးက ကောက်ချက်ချပါတယ်။

" နိုင်ငံတကာရာဇဝတ်မှုကျုးလွန်သူအဖြစ် အတိအလင်းဆိုနိုင်လို့ စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်"

Link : Here

Saturday, June 8, 2024

ရခိုင်နဲ့ ရိုဟင်ဂျာ ဆွေးနွေးဖို့ လေ့လာသူတွေပြော

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.06.08

တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာများ (AA) ထိန်းချုပ်ရာနယ်မြေသို့ ထွက်ပြေးခိုလှုံနေကြသည်ကို ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်။ Twitter/ Twan Mrat Naing

ရခိုင်ပြည်နယ်မှာ စစ်ရေးတိုက်ခိုက်မှုတွေ တိုးလာတာနဲ့အမျှ ရခိုင်နဲ့ ရိုဟင်ဂျာ လူ့အသိုက်အဝန်း နှစ်ခုအကြား တင်းမာမှုတွေ တိုးလာနေပြီး ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေ တစ်ကျော့ ပြန် ဖြစ်လာနိုင်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မေလ ၂၁ ရက်နေ့မှာ ကြေညာ ချက် ထုတ်ပြန် သတိပေးထားပါတယ်။

Friday, May 31, 2024

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ကူညီဖို့ BROUK အဖွဲ့တောင်းဆို

RFA
RFA Burmese
2024.05.30 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရအပြီး ၂ဝ၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတစ်ဆင့် အကူအညီတွေပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK)က မေလ ၃ဝ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

Sunday, May 19, 2024

ရခိုင်မှာ ခွဲခြားမှုမရှိ အားလုံးကို အကာအကွယ်ပေးဖို့ AA အာမခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၉ မေ၊ ၂၀၂၄ 

စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
 
အာရက္ခတပ်တော် (AA)အနေနဲ့ ရခိုင်မှာ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးကို အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် Twan Mrat Naing က သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ မေလ ၁၈ ရက် စနေနေ့က ပြောပါတယ်။

Friday, May 3, 2024

ရခိုင်ဒေသ လူမျိုးရေးပဋိပက္ခထပ်ကြုံလာဖွယ် ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူသတိပေး

VOA
အင်ကြင်းနိုင်
၀၃ မေ၊ ၂၀၂၄

ဗြိတိန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင် (မေ ၂၊ ၂၀၂၄/ဗွီအိုအေ)
 
ရခိုင်ပြည်နယ်တွင်း လူမှုအသိုက်အဝန်းနှစ်ခုကြား အမုန်းတရားတွေပြန့်နှံ့နေပြီး နောက်တကြိမ် လူမျိုးရေးပဋိ ပ က္ခပုံစံဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ရိုဟင်ဂျာအရေက်ကြွလှုပ်ရှားသူတဦးက သတိပေးပါတယ်။ ရိုဟင်ဂျာတွေဟာ ရခိုင်စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက်လုံးရဲ့ စစ်သားစုဆောင်းမှုတွေခံနေရပြီး အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ အရေးနိုင်ငံတကာ မှာ ဦးဆောင်လှုပ်ရှားနေသူ ဗြိတိန်အခြေစိုက် BROUK ြမန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ပြောတာပါ။ မအင်ကြင်းနိုင်က ဗွီအိုအေစတူရီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

Friday, April 19, 2024

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

Western News
April 19, 2024

ပုံစာ - မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားကြသည့် ဦးထွန်းခင်နှင့် ရိုနေဆန်းလွင်။ (ဓါတ်ပုံ - ရိုနေဆန်းလွင်) 

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆ လင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။

Thursday, April 4, 2024

ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီ ဆွေးနွေးပေးဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၃ ဧပြီ၊ ၂၀၂၄ 

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ကိုင်တွယ်ဆွေးနွေးနေတဲ့ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူသင့်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

Wednesday, March 6, 2024

စစ်သားစုဆောင်းနေမှု သတိထားရန် ရိုဟင်ဂျာအရေး လှုပ်ရှားသူများ တိုက်တွန်း

DVB
မင်းညို
March 6, 2024

စစ်ကောင်စီတပ်က ရိုဟင်ဂျာတွေအပေါ် စစ်သားစုဆောင်းနေတာတွေကို သတိထားဖို့နဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်ကြဖို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။

Thursday, December 7, 2023

မင်းအောင်လှိုင်နှင့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာအရာရှိ ၆ ဦးကို နိုင်ငံတကာ ဖမ်း၀ရမ်းထုတ်နိုင်‌ရေး အာဂျင်တီးနား တရားရုံးတွင် လျှောက်ထား

ရန်ကုန်ခေတ်သစ်မီဒီယာ
Yangon Khit Thit News Agency

December 7, 2023

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန် ရှိသော မင်းအောင်လှိုင်နှင့် စစ်ဘက်၊ နယ်ဘက်ဆိုင်ရာအရာရှိ ၆ ဦးကို နိုင်ငံ တကာဖမ်း၀ရမ်းထုတ်နိုင်‌ရေး အာဂျင်တီးနား တရား ရုံး တွင် လျှောက်ထားလိုက်ကြောင်း ဗြိတိန်နိုင်ငံ ဗမာ ရိုဟင်ဂျာအဖွဲ့ (BROUK) က ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ ၇ ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထား

DVB
December 7, 2023

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခေါင်းဆောင် မင်း အောင်လှိုင်အပါအဝင် ၇ ယောက်ကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ပြန်ပေးဖို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဗမာရိုဟင်ဂျာအဖွဲ့ (BROUK) က အာဂျင်တီးနားနိုင်ငံက တရားရုံးတခုဆီ လျှောက်ထားလိုက်ပါတယ်။

စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်နိုင်ဖို့ အာဂျင်တီးနားတရားရုံးမှာ တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၀၇ ဒီဇင်ဘာ၊ ၂၀၂၃ 

 စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ မော်စကိုမြို့က Roscosmos နဲ့အစည်းအဝေးအတွင်းတွေ့ရစဉ် (ဇူလိုင် ၁၂၊ ၂၀၂၂)

ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုမှာ တာဝန်ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ် ခေါင်း ဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်အရာရှိ ခြောက်ဦးကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားနိုင်ငံက တရားရုံးတခုမှာ ရိုဟင်ဂျာအဖွဲ့တခု က ဒီဇင်ဘာ ၆ ရက်က တင်သွင်းလိုက်ပါတယ်။

Thursday, November 23, 2023

BROUK အစီရင်ခံစာသည် ရိုဟင်ဂျာများ တိုးပွားလာနေ သည့် ဒုက္ခသုက္ခများကို မီးမောင်းထိုးပြသည်။

မဇ္ဈိမ
၂၃ နိုဝင်ဘာ ၂၀၂၃ 

ဖိုင်ဓာတ်ပုံ- UNHCR 


ရခိုင်ပြည်နယ်အတွင်း လူထောင်ပေါင်းများစွာကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်ရေး တွန်းအားပေး နေ တာကြောင့် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ အမိန့် ကို မြန်မာစစ်အစိုးရက လျစ်လျူရှုထားဆဲဖြစ်တယ်လို့ ရိုဟင်ဂျာတွေရဲ့ အစီရင်ခံစာသစ်မှာဖော်ပြထား ပါတယ်။ အဖွဲ့အစည်း UK (BROUK)။

Wednesday, November 22, 2023

မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ဆက်သွယ် မေးမြန်းချက်

RFA
စန်းမော်အောင်(ဝါရှင်တန်ဒီစီ)
2023.11.21 

==

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေကို စစ်တမ်းပြုစုထားတဲ့ "အသက်ရှင်ရေးတွက် ရုန်းကန်ရခြင်း" လို့ အမည်ရတဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိန်နိုင်ငံ ၊ လန်ဒန်မြို့အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့ ရခိုင် ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာရေးအထောက်အပံ့တွေ မရအောင် မြန်မာ စစ်တပ်က တားဆီးပိတ်ပင်နေတာတွေနဲ့ စစ်တပ်က အကြမ်းဖက်တာတွေကို အစီရင်ခံစာမှာ ဖော်ပြ ထား ပါတယ်လို့ မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။ ဦးထွန်းခင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

Friday, November 17, 2023

ICJ တရားရုံးအမှုမှာ ခြောက်နိုင်ငံ ပူးပေါင်းပါဝင်လာ

RFA
RFA Burmese
2023.11.17

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ICJ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတ ရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် နဲ့ ဗြိတိန် စတဲ့ ခြောက်နိုင်ငံက ပူးပေါင်းပါဝင်တယ်လို့ ICJ က နိုဝင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်

Saturday, September 16, 2023

ဗြိတိန်အစိုးရက ရိုဟင်ဂျာတွေအတွက်ကူငွေ ၈၅ ရာခိုင်နှုန်း လျှော့လိုက်တယ်လို့ Burma Campaign UK အဖွဲ့ပြော

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.15

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။  Reuter

ဗြိတိန်အစိုးရဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒီနှစ်မှာ တတိယအသုတ်အဖြစ် ပေါင် ၃ သန်း အကူအညီပေးမယ်လို့ စက်တင်ဘာလ ၁၂ ရက်က ကြေညာလိုက်ပါတယ်။

Tuesday, September 12, 2023

ICJ အမှု ပြင်သစ်ကြားဝင်မယ့်အပေါ် ရိုဟင်ဂျာတွေ ကြိုဆို

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.09.12

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) တို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် တွေ့ဆုံစဉ်။  Reuters
 
 
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စတင်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ အ မှု အတွက် ကုလသမဂ္ဂရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ ကြားဝင် ဆောင်ရွက်သွားမယ်လို့ ပြင် သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ပြောလိုက်ပါတယ်။

Wednesday, August 16, 2023

ဒေါက်တာဝင်းမြတ်အေး ICJမှာ သက်သေထွက်ဖို့ ရိုဟင်ဂျာ တွေ တောင်းဆို

VOA
အင်ကြင်းနိုင်
၁၅ ဩဂုတ်၊ ၂၀၂၃ 

Handout picture released by the Colombian Foreign Ministry showing representatives of Colombia (L) and judges of the International Court of Justice (ICJ) standing before the UN's top court gives its verdict in the latest legal battle between Colombia and 

ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အပြင်းအထန်ဖိနှိပ်ခဲ့တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ICJ မှာ သက်သေအဖြစ်ထွက်ဆိုပေးဖို့ ရိုဟင်ဂျာ ခေါင်းဆောင်တ ချို့က တောင်းဆိုလိုက်ပါတယ်။

Saturday, June 17, 2023

နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲခံနေရတဲ့ စစ်ကောင်စီ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.15

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဉ်။Reuters

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC၊ ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး ICJ သာမက အာဂျင်တီးနားနိုင်ငံ တရားရုံးတွေမှာပါ တရားစွဲခံနေရတဲ့ စစ်ကောင်စီဟာ ကမ္ဘာ့မျက်နှာစာမှာ ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရဖွယ် ရှိပါသလဲ။

ဦးထွန်းခင် "အကြမ်းဖက်စစ်တပ်ကို များမကြာတဲ့ကာလ အတွင်းမှာ အရေးယူနိုင်မယ်လို့ ကျွန်တော်တို့ ပြောလို့ရ တယ်။"
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာတရားရုံး ICJမှာ ထုချေလွှာတင်သွင်း ဖို့ ပြင်ဆင်နေရတဲ့တချိန်တည်းမှာပဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဂျင်တီး နားနိုင်ငံမှာ တိုင်ကြားထားတဲ့အမှုအတွက် ရိုဟင်ဂျာတွေကို တရားရုံးက ခေါ်ယူစစ်ဆေးခဲ့တာပါ။

Wednesday, June 14, 2023

အာဂျင်တီးနားမှာ ရိုဟင်ဂျာတွေရဲ့သက်သေထွက်ဆိုပွဲ ပြီး ဆုံး

RFA
RFA Burmese
2023.06.13

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်းဥက္ကဋ္ဌ ဦးထွန်းခင်နှင့် ရှေ့နေ မစ္စတာ သောမတ်စ် ကင်တားနားတို့အား အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရီးစ်မြို့ ဖက်ဒရယ်တရားရှေ့တွင် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ AFP

ရိုဟင်ဂျာတွေကို အကြမ်းဖက်ထားတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက စစ်ဘက် အရပ်ဘက်ခေါင်း ဆောင် တွေကို အာဂျင်တီးနားနိုင်ငံမှာ တရားစွဲထားတဲ့အမှု ကြားနာစစ်ဆေးပွဲ ဇွန်လ ၁၃ ရက် အင်္ဂါနေ့မှာ ပြီး ဆုံးသွားပါပြီ။


ဒီကြားနာပွဲကို အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် ဗျူနိုအေးရီးစ်မြို့က ဖက်ဒရယ်တရားရုံးမှာ ဇွန်လ ၆ ရက်နေ့က တည်းက စတင်နေတာပါ။

သက်သေထွက်ဆိုတဲ့သူတွေရဲ့ လုံခြုံရေးအတွက် အများပြည်သူကိုဝင်ခွင့်မပေးဘဲ တံခါးပိတ်ကြားနာပွဲပဲ ပြုလုပ် ခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း-ယူကေရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က - မြန်မာစစ်ခေါင်းဆောင်တွေကို အရေး ယူနိုင်ဖို့ နီးလာပါပြီ၊ ကမ္ဘာကြီးမှာ ဒီပုဂ္ဂိုလ်တွေ ပုန်းရှောင်နေလို့ မရနိုင်ဘူးဆိုတာ အခုတရားစွဲနေတဲ့လုပ်ရပ်က သက်သေပြနေပါတယ်လို့ ပြောပါတယ်။

ဒီအမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားက တရား လိုဖြစ်တဲ့ မြန်မာ ရိုဟင်ဂျာအသင်း-ယူကေရဲ့ရှေ့နေအဖြစ် ဆောင်ရွက်နေတာပါ။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားမှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှုအတွက် စစ်ခေါင်း ဆောင် ဗိုလ် ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဦးဝီရသူ တို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တာဝန်ရှိသူတွေအဖြစ် စွပ် စွဲထားပါတယ်။

LinK :Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */