" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မနှင်းဇာဖြူ. Show all posts
Showing posts with label မနှင်းဇာဖြူ. Show all posts

Friday, December 6, 2019

ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ သားသမီးများကို ထိုင်းမှာဖမ်းဆီး

B B C
ဘီဘီစီ မြန်မာပိုင်း
06 ဒီဇင်္ဘာ 2019
ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဇနီးနဲ့ သားသမီးများ အဖမ်းခံရ 

ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူ ၊ သမီးဖြစ်သူ စောပြည်သျှင် နဲ့ သားဖြစ်သူ မြတ်လင်းဇံတို့ကို ထိုင်းနိုင်ငံမှာ ဗီဇာ သက်တမ်းတိုးရင်း ထိုင်းအစိုးရက ဖမ်းဆီးလိုက်တယ်လို့ ရခိုင် အသိုင်းအဝိုင်းဘက်က သတင်းရရှိပါတယ် ။

ရက္ခိုင့်တပ်မတော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ ဖြစ်သူ ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို ဘီဘီစီက မေးကြည့်တော့ " အခုပဲ အဲဒီသတင်းကြားလို့စိတ်မကောင်းဖြစ်နေတာ ။ ကိုယ့် သမီးတယောက် အဖမ်းခံရတော့ စိတ်မကောင်းဖြစ်တာပေါ့။ အဲဒီထဲ မြေးလေးနှစ်ယောက်လည်း ပါတယ်။" လို့ ဘီဘီစီကို အတည်ပြုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */