" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုဟစ် အူလာ. Show all posts
Showing posts with label မိုဟစ် အူလာ. Show all posts

Monday, March 7, 2022

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေး ဆရာကို ဖမ်း

ဧရာဝတီ
7 March 2022

အသက် ၄၀ နှောင်းပိုင်းရှိပြီဖြစ်သော မိုဟစ် အူလာသည် ရိုဟင်ဂျာအရေးကို ဆောင်ရွက်သူများတွင် အထင်ရှား အကျော်ကြားဆုံးဖြစ်သည် / Getty Images

 

မြန်မာနယ်စပ်အနီးမှ ကျယ်ပြန့်လှသော ဒုက္ခသည်စခန်းများတွင် ထင်ရှားသော ရိုဟင်ဂျာ တက်ကြွလှုပ်ရှား သူ တ ဦးကို လွန်ခဲ့သောနှစ်က ပစ်သတ်ရန် အမိန့်ပေးခဲ့သော သြဇာကြီးမားသည့် မွတ်ဆလင်ဘာသာရေးဆရာကို ဘင်္ဂ လားဒေ့ရှ်ရဲများက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောသည်။

အရေးပါသော လူမှုအခြေပြုအဖွဲ့အစည်း အကြီးအကဲဖြစ်သူ မိုဟစ် အူလာကို လွန်ခဲ့သောနှစ် စက်တင်ဘာလက သတ်ဖြတ်လိုက်ခြင်းသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ ဖြိုခွဲမှုများကြောင့် ထွက်ပြေးလာသော သိန်းနှင့်ချီသည့် ဒုက္ခသည် အသိုက်အဝန်းကြားတွင် တုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူ အသတ်ခံရမှု မွတ်စလင် ဘာသာရေးခေါင်းဆောင် ဖမ်းခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022-03-07

လုပ်ကြံခံရတဲ့ ဦးမိုဟစ်အူလာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ်
 Photo: Reuters

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ သေနတ်နဲ့ ပစ်သတ် ခံခဲ့ရတဲ့ ရိုဟင်ဂျာ အရေး လှုပ်ရှားသူ မိုဟစ် အူလာအမှုနဲ့ ပတ်သက်ပြီး သတ်ဖို့ အမိန့် ပေးခဲ့တယ်လို့ စွပ်စွဲခံရသူ နာမည်ကြီး မွတ်စလင် ဘာ သာရေး ခေါင်းဆောင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ့် အရာရှိတွေက တနင်္ဂ နွေ နေ့မှာ ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြ ထားပါတယ်။ အသတ်ခံခဲ့ရတဲ့ မိုဟစ်အူလာရဲ့ မိသားစုက တော့ ARSA ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

 

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */