" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ဒေါက်တာအေမောင်စာရေးဆရာဟေင်အောင်. Show all posts
Showing posts with label ဒေါက်တာအေမောင်စာရေးဆရာဟေင်အောင်. Show all posts

Friday, February 12, 2021

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် ပြန် လွတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2021-02-12

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကို တွေ့ရစဉ် 
 
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ရခိုင် နိုင်ငံ ရေးခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် အင်းစိန်အကျဉ်းထောင်မှာ နှစ်နှစ်နီး ပါးကြာ ထိန်းသိမ်းခံရပြီးနောက် အာဏာသိမ်းစစ်အစိုးရက ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းပေး လိုက် ပါတယ်။

သူတို့နှစ်ဦး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ဒီနေ့နေ့လယ် ၁၁ နာရီဝန်းကျင်မှာ အင်းစိန်းအကျဉ်းထောင်က နေလွတ် မြောက်လာလို့ သူတို့နှစ်ဦးနဲ့အတူရှိနေတဲ့ ဒေါက်တာအောင်နိုင်လင်းက ပြောပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၉ မတ်လ ၁၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံခဲ့တာဖြစ်လို့ အကျဉ်း ထောင်အတွင်းမှာ နှစ်နှစ်နီးပါးကြာနေခဲ့ရတာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */