7DAY NEWS
မောင်ကံ
Monday, August 3, 2020
ရသေ့တောင်မြို့နယ် ကပ်ချောင်းကျေးရွာတွင် စစ်ကျန် လက်နက် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေ ဆုံးကာ လေးဦး ဒဏ်ရာရရှိသည်။
ဩဂုတ် ၁ ရက်က ကျေးရွာ အနီးချောင်းသို့ ငါးဖမ်းသွားရာ တွင် စစ်ကျန်လက်နက်ကိုတွေ့ ရှိပြီး နေအိမ်သို့ ယူဆောင် ထုခွဲ ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွား ခြင်းဖြစ်ကြောင်း ကပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး ထွန်း လှိုင်က ပြောသည်။
Showing posts with label ရသေ့တောင်မြို့. Show all posts
Showing posts with label ရသေ့တောင်မြို့. Show all posts
Monday, August 3, 2020
ရသေ့တောင်မြို့နယ်အတွင်း နစခ စစ်ကြောင်း တိုက်ခိုက်ခံ ရ
VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
04 သြဂုတ်၊ 2020
04 သြဂုတ်၊ 2020
Wednesday, July 8, 2020
ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ် ဖွဲ့စစ်ဆေး
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020.07.07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အ ရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယ ကံရှင် အမျိုးသမီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ် ယူစစ်ဆေး ခဲ့ပါတယ်။

Saturday, July 4, 2020
တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင် အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို
လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-07-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန် တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

Friday, January 3, 2020
ဝန်ထမ်းလစာများ ရသေ့တောင်တွင် လုယက်ခံရ၊ ရဲနှစ်ဦး ကို ဖမ်းခေါ်သွားဟု အမတ်ဆို
Myanmar NOW
ချမ်းသာ
Published on Jan 2, 2020
ချွတ်ပြင်ကျေးရွာမှ နယ်ခြားစောင့်ရဲများသည် စေတီပြင်ရဲစခန်းမှ လစာများထုတ်ယူပြီး အပြန်လမ်းတွင် လုယူဖမ်းဆီးခံရခြင်းဖြစ်သည်။
ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို မည်သူမည်ဝါ မှန်း မသိရသေးသူ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွား သည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု လွှတ်တော် ကိုယ် စား လှယ်တစ်ဦးက ပြောသည်။

မြေပုံ - မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU)
ဒေသခံအစိုးရဝန်ထမ်းများ၏ လစာများ လာရောက်ထုတ်ယူသည့် ရဲဝန်ထမ်းလေးဦးကို မည်သူမည်ဝါ မှန်း မသိရသေးသူ လူတစ်စုက ကြားဖြတ်ကာ လစာများလုယူပြီး ရဲနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွား သည့် ဖြစ်စဉ်တစ်ခု ရသေ့တောင်မြို့နယ်အတွင်း ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု လွှတ်တော် ကိုယ် စား လှယ်တစ်ဦးက ပြောသည်။
Thursday, January 2, 2020
ရသေ့တောင်မြို့နယ်တွင် လစာထုတ်၍ ပြန်လာသည့် နယ်ခြားစောင့် ရဲ ၂ ဦးဖမ်းဆီးခေါ်ဆောင်ခံရဟု သတင်း ထွက်ပေါ်
နိရဉ္စရာသတင်းဌာန
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့်စခန်း သို့ လစာထုတ်ရန် သွားသည့် သဇင် မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်း ၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံ လိုက်ရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။

Sunday, December 8, 2019
ရသေ့တောင်မှာ တိုက်ပွဲတွေပြင်းထန်
B B C
ဘီဘီစီ မြန်မာပိုင်း
08 ဒီဇင်္ဘာ 2019
ဘူးသီးတောင်နဲ့ရသေ့တောင်ကြားက ရွာဆယ်ရွာကျော်ကို ဒေသခံတွေစွန့်ခွာသွားကြပါပြီ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီဇင်ဘာ ၇ ရက်မှာ တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဟတ်ယာဉ်ပေါ်ကနေ တိုက်ခိုက်သလို အနီးအနားရှိ မြန်မာ့တပ်မတော် ရေဆိုးချောင်းဗျူဟာစခန်းကနေ တိုက်ခိုက်မှုတွေကြောင့် ရေဘုတ်၊ အမျက်တောင်၊ ငစံဘော်၊ ကျောက်တန်း ကျေးရွာတွေက ဒေသခံထောင် နဲ့ချီ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
ဘီဘီစီက အဲဒီဒေသခံတွေကို ဆက်သွယ်မေးမြန်းနေစဉ်မှာကိုပဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ တဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။
"အကုန်လုံးပြေးနေကြရတယ်။ ရွာနားတွေမှာ အလုံးတွေ၊ အမြှောက်တွေ ကျနေတာ။ လေယာဉ်က နှစ် ခေါက်လာပြီးပြီလေ" လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဘီဘီစီကို ဒီဇင်ဘာ ၇ ရက်မှာပြောပါတယ်။
ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကြား ရွာပေါင်း ၁၀ ရွာကျော်ဟာ ရွာသားတွေစွန့်ခွာ သွားကြ တဲ့အတွက် ရွာပျက်တဲ့အဆင့်ကိုရောက်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

Tuesday, November 26, 2019
ရသေ့တောင်မြို့အနီး မြန်မာရေတပ်သင်္ဘောတိုက်ခိုက်ခံရ
VOA
ဗွီအိုအေ (မြန်မာဌာန
6 နိုဝင်ဘာ၊ 2019
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး မေယုမြစ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရေတပ်သင်္ဘောကို မနေ့ည နေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ မြန်မာရေတပ်သင်္ဘောဘက်က ထိခိုက်မှုရှိတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ တပ်မတော်ဘက်ကတော့ တစုံတရာ ထိခိုက်မှု မရှိဘူးလို့ဆိုပါတယ်။ တချိန်ထဲမှာ ရသေ့တောင်မြို့နယ်အ တွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သ တင်းပေးပို့ထားပါတယ်။

Friday, November 1, 2019
ရသေ့တောင်က ဒဏ်ရာရသူနှစ်ဦးကို ကယ်ထုတ်ဖို့ ခက်ခဲ နေ
လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-11-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုး စားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာ ဝန်ရှိသူက ပြောပါတယ်။
ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်ရံကျေးရွာက ၁၃ နှစ်အရွယ် မနှင်းချေနဲ့ ငစင်ဘော် ကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်သိန်းညွန့်မတို့ နှစ်ဦးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကျည်သင့် ဒဏ် ရာတွေ အသီးသီးရရှိထားကြပါတယ်။
2019-11-01
![]() | |
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို တွေ့ရစဉ် Photo: Google Map |
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုး စားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာ ဝန်ရှိသူက ပြောပါတယ်။
ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်ရံကျေးရွာက ၁၃ နှစ်အရွယ် မနှင်းချေနဲ့ ငစင်ဘော် ကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်သိန်းညွန့်မတို့ နှစ်ဦးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကျည်သင့် ဒဏ် ရာတွေ အသီးသီးရရှိထားကြပါတယ်။
Wednesday, October 30, 2019
ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲဖြစ်၍ မညှင်းတောင်ရွာ သား များထွက်ပြေးရ
နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ ၊ အောက်တိုဘာ ၃ဝ/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ရွာနှင့် ငစံဘော်( မုဆိုးချောင်း) ကျေးရွာအကြားတွင် ယနေ့နံနက် ၉ နာရီက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားသော
ကြာင့် မညှင်းတောင် ကျေးရွာသားများမှာ ရွာကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု သတင်းရရှိသည်။

Saturday, August 10, 2019
အစိုးရစစ်သားတွေ ဆိုင်တွေကိုဖောက် ပစ္စည်းယူ တယ်လို့ စွပ်စွဲ
B B C
ဘီဘီစီ မြန်မာပိုင်း
10 သြဂုတ် 2019
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်းက အုတ်ဖို ကျေးရွာ (ဒေသခံတွေ အခေါ် အိုးဖောက်ကျေး ရွာ) ကို အစိုးရစစ်သားတွေ ဝင်ရောက်လာပြီး ရွာဈေးဆိုင်တွေထဲကနေ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဆိုင်တွေကို ချိုးဖျက်ခံခဲ့ရပြီး ယူဆောင်သွားတဲ့ ပစ္စည်းတွေ စုစုပေါင်း တန်ဖိုးဟာ သိန်း ရာ ဂဏန်း တချို့ထိ ရှိတယ်လို့ ကာယကံရှင်တွေက ဘီဘီစီကို ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကတော့ အဲဒီ ပြောဆိုမှုတွေကို ငြင်းပယ်ထားပါတယ်။

Friday, August 9, 2019
ရသေ့တောင်မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် မှာ WY ဆေးပြားတွေနဲ့ လက်နက်တွေ သိမ်းဆည်းရမိ
RFA

တပ်မတော်က သတင်းထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ မြေပုံကို တွေ့ရစဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်း ပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ကျပ် ၅ ဘီလီယံခန့်) အပါအဝင် လက်နက်ခဲ ယမ်း တွေ ဖမ်း ဆည်းရမိခဲ့ တယ်လို့ တပ်မတော်က သတင်းထုတ် ပြန် ပါတယ်။
မနေ့က သြဂုတ်လ ၈ ရက်နေ့မနက်ပိုင်းက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတင်းအရ ဝင်ရောက်စစ် ဆေး တာဖြစ်ပြီး ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာမှာသုံးတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘော စေ့တွေရောထားတဲ့ ယမ်းထုတ် တစ်ပိဿာခန့် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်း ဆည်းရမိခဲ့ကာ တရားခံနဲ့ မိသားစုဝင် ၅ ဦးတို့ကတော့ ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဖော်ပြထား ပါ တယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-08-09

Tuesday, August 6, 2019
ရသေ့တောင်မြို့နယ် ခြေရာတော်ကျေးရွာအနီး၌ ဗဗအဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခု သိမ်းဆည်းရမိ
မြန်မာ့အလင်း
နေပြည်တော် ဩဂုတ် ၅
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ခြေရာတော်ကျေးရွာ၏ အနောက် ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း တစ်ခုအား ပစ်ကျင်း ၆ ကျင်း၊ လူနေတဲသုံး လုံး၊ ယူနီဖောင်း နှစ်စုံ၊ အရပ်ဝတ် ၃၃ ထည်၊ မိုးကာမြေခင်းစ ၁၄ ထည်၊ ဂေါ်ပြား၊ တူးရွင်း၊ ဓားရှစ်ချောင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ တန်းစီကွင်းတစ်ကွင်းတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။
နေပြည်တော် ဩဂုတ် ၅
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက်နှင့် ၃ ရက် တို့တွင် ခြေရာတော်ကျေးရွာအနီး၌ AA အဖွဲ့၏ လေ့ကျင့်ရေးစခန်း နေရာတစ်ခုနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရ သည်။
Sunday, July 28, 2019
ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ လူငယ် ၁ဝ ဦးကို ဖမ်းဆီး
RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-28
ရခိုင်ပြည်နယ် ရသေ့တောင်ကနေ ပုဏ္ဏားကျွန်းမြို့ကိုသွားတဲ့
ကားတစ်စီးပေါ်ကနေ လူငယ် ၁ဝ ဦးနဲ့ ယာဉ် မောင်း တစ်ဦးကို ဇူလိုင်လ ၂၇ ရက်
နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁ဝ တန်း ကျောင်းသားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦးလည်း ပါဝင်ပါတယ်။
လွတ်လပ်တဲ့ အာရှအသံ
2019-07-28
ponnagyun-signboard-622
Photo: RFA
ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁ဝ တန်း ကျောင်းသားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦးလည်း ပါဝင်ပါတယ်။
Friday, July 26, 2019
မေယူကမ်း ချွတ်ပြင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲ၊ လယ်ထွန်နေသည့် ရွာသား ၃ ဦးခေါ်ဆောင်ခံရ
နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ချွတ်ပြင်ကျေးရွာနှင့် ပိတောက်မြို့ (နတလ) ကျေးရွာ အ ကြား ယနေ့နေ့လယ် ၁၂ နာရီခန့်က မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီးနောက် အနီးအနားရှိ လယ်ထွန်နေသူ စေတီ ပြင် ကျေးရွာသား ၃ ဦးကို လုံခြုံရေး ဆောင်ရွက်နေသည့် တပ်နှင့်ရဲ ပူးပေါင်း စစ်ကြောင်း တစ်ခုက ခေါ်ယူ သွားသည်ဟု သတင်းရရှိသည်။
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၂၅/၂ဝ၁၉
Tuesday, July 9, 2019
ရသေ့တောင်မြို့နယ်၊အမျက်တောင်ကျေးရွာမှ နေ အိမ် ၁၁လုံးမီးရှို့ခံရမှု အမှုဖွင့်၍မရဟုဆို
နိရဉ္စရာ
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၉/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ နေအိမ် ၁၁ လုံး မီးရှို့ခံရမှုအပေါ် မီးသတ် အေ နနဲ့ အမှုဖွင့်၍ မရကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “ အမှုတွဲက ဒီမီးနဲ့ပတ်သက်လို့ အမှုတင်လို့ မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမီးက ရှို့မီးလည်း မဟုတ်သလို ပေါ့ဆမီးလည်း မဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။ တိုက်ပွဲကြောင့်ဖြစ်တဲ့မီးဖြစ်ပါတယ်။ တိုက် ပွဲကြောင့် ဖြစ်တဲ့မီးမို့ ကျွန်တော်တို့ မီးသတ်က အမှုတွဲတင်လို့တော့ မရပါ” ဟု ပြောကြားသည်။

Tuesday, February 19, 2019
ရခိုင်စစ်ဘေးရှောင်များအတွက် ပြည်နယ်အစိုးရက တစ်ကြိမ် ထောက်ပံ့ထား
ဓာတ်ပုံ - အေးချမ်းခိုင်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ။ ။ တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်မိသားစုလျှင် ငွေကျပ် ၅ သောင်းနှုန်းဖြင့် ဇန်နဝါရီလအတွင်းက တစ်ကြိမ် ထောက်ပံ့ပေးထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောသည်။

Tuesday, February 12, 2019
ချောင်းတူရွာခံ ၂၇၀ ကျော် ထွက်ပြေး
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ် မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချောင်းတူရွာခံ ၂၇၀ ကျော်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်
ကျေး ရွာကို ထွက်ပြေးရောက်ရှိနေကြပါတယ်။
Monday, February 4, 2019
ဒုက္ခသည် ၂၄ ဦးကို ဖမ်းဆီးအမှုဖွင့်
ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
Tuesday, January 29, 2019
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အရပ် သားတချို့ ထိခိုက်သေဆုံး
ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)
ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့
ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး
တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာ တွေလည်း
ရှိလာနေပါတယ်။ ရသေ့တောင်မြို့နယ်ဘက်က တိုက်ပွဲအတွင်းမှာ အရပ်သားကလေးငယ်တဦး
ထိခိုက်သေဆုံးခဲ့သလို တပ်မတော်က ကျေးရွာတွင်း နေအိမ်တွေကို
ရှာဖွေချိန်အတွင်း ရွာသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို
သိမ်းယူသွားတာတွေရှိတယ်လို့ ရွာသားတွေက ပြောတဲ့အကြောင်း သက်ဆိုင်ရာ
လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီစွပ်စွဲချက်ကို တပ်မတော်ဘက်က
ငြင်းဆန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်
နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
Subscribe to:
Posts (Atom)