" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကုလကိုယ်စားလှယ်. Show all posts
Showing posts with label ကုလကိုယ်စားလှယ်. Show all posts

Thursday, March 21, 2024

စစ်ကောင်စီနဲ့ဆက်ဆံတာ ရပ်ဆိုင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

RFA
RFA Burmese
2024.03.20

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံ တက်ရောက်လာသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး။ AFP

စစ်မြေပြင်မှာ ကျရှုံးပြီး ပြည်သူတွေ ဆန့်ကျင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကြုံနေရတဲ့ မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပိုမိုတိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာက အားပိုကောင်းတဲ့ ဟန်ချက်ညီ အရေးယူဆောင် ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး (Tom Andrews)က မတ်လ ၂၀ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

Friday, December 29, 2023

ရိုဟင်ဂျာအကျပ်အတည်းနိုင်ငံတကာတာဝန်ရှိမှုကုလကိုယ် စားလှယ်သတိပေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဒီဇင်ဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews (ဇွန် ၂၃၊ ၂၀၂၂)

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေတိုးနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ တွေ ရဲ့ အခြေအနေဟာ မျှော်လင့်ချက်မဲ့ အလွန့်အလွန်ဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အ ခွင့် အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ကြာသပတေးနေ့ က ပြောလိုက်ပါတယ်။

Thursday, November 23, 2023

လှေစီးပြေးရိုဟင်ဂျာတွေအတွက် အရေးပေါ်တုံပြန်ကူညီဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၄ နိုဝင်ဘာ၊ ၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ။ အာချေးမြောက်ပိုင်းက Lee Madon ကမ်းခြေကိုရောက်လာတဲ့ လှေစီးပြေးရိုဟင်ဂျာများ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃) 
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာတွေ ဖြတ်တောက်တာအပါအဝင် အခြေ အ နေတွေဆိုးရွားနေလို့ ရေကြောင်းကတဆင့် အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ အများ အပြား ဆက်တိုက် ထွက်ခွာနေကြတာကြောင့် ဒေသတွင်းမှာ အရေးပေါ်တုံ့ပြန်မှုတခုလုပ်ဖို့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က နိုဝင်ဘာ ၂၃ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

Saturday, June 10, 2023

ရိုဟင်ဂျာတွေကို ပြန်ပို့ရေး ဆက်မလုပ်ဖို့ ကုလကိုယ်စား လှယ်တိုက်တွန်း

BBC
၁၀ ဇွန် ၂၀၂၃, 

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂကိုယ်စားလှယ် တွမ်အန်ဒရူးစ်

ရိုဟင်ဂျာတွေကိုနေရပ်ပြန်ပို့ရေး ရှေ့ပြေးစီမံချက်ကို ဆက်ပြီး မလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မြန်မာ နိုင်ငံဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောလာပါတယ်။
 
ရိုဟင်ဂျာတွေကို နေရပ်ပြန်ခိုင်းမယ်ဆိုရင် သူတို့ဘဝနဲ့ လွတ်လပ်စွာနေထိုင်နိုင်ခွင့်အပိုင်းမှာ ကြီးမားတဲ့စိုးရိမ်စရာ အခြေအနေ ရှိတာကြောင့်လို့ သူက ထောက်ပြပြောဆိုပါတယ်။
 

Wednesday, March 17, 2021

ဘာဆန်းချားရောက် ရိုဟင်ဂျာတွေဆီ ကုလကိုယ်စား လှယ်အဖွဲ့သွားရောက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 မတ်၊ 2021
ဒီဇင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၁)

ကုလသမဂ္ဂအဖွဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကျော် ရွှေ့ပြောင်းထားတဲ့ ဘင်္ဂလား ပင်လယ်အော်ထဲက ဘာဆန်းချားကျွန်းကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစလို့ သုံးရက်ကြာ ခရီးလာရောက်ဖို့ရှိနေပါတယ်။ ဘင်္ဂလာဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်ဖျားပြီး အန္တရာယ်ကြီးတဲ့ ဒီကျွန်းကို မပို့ဖို့ လူအခွင့် အရေးအဖွဲ့တွေက ကန့်ကွက်နေတဲ့ကြားကပဲ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကစလို့ ပြောင်းရွှေ့နေရာမှာ အခုလို အဲဒီမှာ ဒုက္ခသည် ၁၃,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */