Showing posts with label ဒုတိယအသုတ်. Show all posts
Showing posts with label ဒုတိယအသုတ်. Show all posts

Monday, December 28, 2020

ရိုဟင်ဂျာ ဒုတိယအသုတ်ကို ဘာဆန်ချားကျွန်းဆီ ရွှေ့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရ ပြင်ဆင်

28 December 2020

Photo - AFP


ဒီဇင်ဘာ ၂၈၊ ၂၀၂၀

လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသော်လည်း မြန်မာနိုင်ငံမှ ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ဒုတိယအသုတ်ကို ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ဝေးလံသည့် ဘာဆန်ချားကျွန်းသို့ ပို့ဆောင်နေရာချထား ရန် ပြင်ဆင်နေကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြောသည်။  

လာမည့်ရက် အနည်းငယ်အတွင်း နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် ၁၀၀၀ ခန့်ကို ဘာဆန်ချားကျွန်းသို့ ပို့မည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့်လက ဒုက္ခသည် ၁၆၀၀ ကျော်ကို နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲက ကျွန်းပေါ်သို့ ဒုတိယအသုတ်ပို့ဦးမယ်

VOM 
ဒါကာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀
မျိုးဆက် (VOM)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ရှာ ကျွန်းပေါ်ကို ယခုလအတွင်းမှာ ဒုတိယအသုတ်အဖြစ် ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ရိုဟင်ဂျာတွေကို ဒီလိုရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပါတယ်။ ယခုလအတွင်းကလည်း အဲ့ဒီကျွန်းပေါ်ကို ဒုက္ခသည် ၁၆၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */