" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အာခ်ီး. Show all posts
Showing posts with label အာခ်ီး. Show all posts

Thursday, June 25, 2020

အင်ဒိုနီးရှား ကမ်းလွန်တွင် သောင်တင်နေသည့် လှေပေါ်မှ ရိုဟင်ဂျာ ၁၀၀ ခန့်ကို ကယ်ဆယ်

 DVB 
25 June 2020


အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းလွန်မှာ သောင်တင်နေခဲ့တဲ့ လှေတစ်စီးကနေ ရိုဟင်ဂျာဒုက္ခသည် အယောက်  ၁၀၀ နီးပါးကို ကယ်ဆယ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၂၄ ရက်မှာ ပြောဆိုလိုက်ပါတယ်။

လှေပေါ်မှာ အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၄၉ ယောက်နဲ့ ကလေး အယောက် ၃၀ ပါဝင်ပြီး အဲဒီလှေကို တံငါသည်တွေက တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေကို ရောက်ရောက်ချင်း ဆေးစစ်ပြီး စာရင်းသွင်းသွားမယ်လို့ အာချေးပြည်နယ် မြောက်ပိုင်းရဲ တပ်ဖွဲ့ အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */