" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျ. မာဇီး. Show all posts
Showing posts with label ရိုဟင်ဂျ. မာဇီး. Show all posts

Tuesday, October 18, 2022

ဘင်္ဂလားဒေ့ရှ်၌ ရိုဟင်ဂျာ ခေါင်းဆောင် ၂ ဦး အသတ်ခံရ

မဇ္စျိမ
16 October 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ အသိုက်အဝန်း၏ ခေါင်းဆောင်နှစ်ဦးကို လူအုပ်စု တစ်စုက ဓားဖြင့် ထိုးခုတ် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်တွင် ပြောသည်။ ဒုက္ခသည်ဦးရေ တစ်သန်းနီးပါး နေ ထိုင် နေကြသည့် ကော့ဇ်ဘဇား ခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် လုံခြုံရေးအခြေအနေက ယိုယွင်းဆိုးရွားလာနေသည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၁၇ ခုနှစ်က အိမ်နီးချင်းမြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုတစ်ခုကြောင့် ထွက်ပြေးလာကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန့်ကျဲရှိနေသော ကမ့်စခန်းများတွင် လက်ခံ နေရာပေးထားခဲ့သည်။ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုသည် ယခုအခါ ကုလသမဂ္ဂ အဆင့်မြင့်တရားရုံးတစ်ခုတွင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ရင်ဆိုင်ထားရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */