" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label Berlin. Show all posts
Showing posts with label Berlin. Show all posts

Saturday, February 26, 2022

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း

[ Unicode ]

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်း
==========================
ကမ္ဘာ့ပထမဆုံးသောကွန်မြူနစ်နိုင်ငံဖြစ်သည့် လီနင် (Lenin)တည်ထောင်ခဲ့သောဆိုဗီယက်ပြည်ထောင်စုကြီး (Soviet Union)သည် ၁၉၉၁ ခုနှစ်တွင် ပြိုကွဲသွားခဲ့သည်။ထိုပြိုကွဲမှုနှင့်အတူ ကွန်မြူနစ်ဝါဒသည်လည်း ကမ္ဘာ မှာ ကျဆုံးသွားခဲ့သည် ဟု ပညာရှင်များက သတ်မှတ်ကြသည်။ ထိုဖြစ်စဥ်သမိုင်းများကို ပြန်လည် ကြည့်ရှု ကြ ပါစို့။

စစ်အေးတိုက်ပွဲ (Cold War)

~~~~~~~~~~~~~~~~~
၁၉၃၉ မှ ၁၉၄၅ ခုနှစ်အထိ ကြာရှည်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သောကြောင့် ဂျာမန်တို့၏နာဇီဝါဒ နှင့် ဂျပန်တို့၏ ဖက်ဆစ်ဝါဒ ချုပ်ငြိမ်းသွားခဲ့ရကာ ဒုတိယကမ္ဘာစစ်လည်း ပြီးဆုံးသွားခဲ့သည်။ ဒုတိယကမ္ဘာ စစ် ပြီး ဆုံးချိန်မှစတင်ကာ အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ပွဲ ပေါ်ပေါက်လာတော့သည်
 
ဒုတိယကမ္ဘာစစ်၏ဒဏ်ကို ဆိုးဝါးစွာခံခဲ့ရသောကြောင့် ဗြိတိန်တွင် ဝင်စတန်ချာချီ (Winston Churchill)၏ကွန် ဆာဗေးတစ်အစိုးရပြုတ်ကျကာ ကလီမင့် အက်တလီ ( Clement Attele)၏လေဘာပါတီအစိုးရ အာဏာရ လာလေသည်။လေဘာပါတီ၏ မူဝါဒအရ နယ်ချဲ့ကိုလိုနီစနစ်ကို မုန်းတီးသောကြောင့် လွတ်လပ်ရေးပေးရန် အပြင်းအထန်တောင်းဆိုလာကြသော ကိုလိုနီနယ်မြေအများအပြားကို လွတ်လပ်ရေးပေးခဲ့သည်။ထို့ကြောင့် ဗြိတိသျှတို့၏ နေမဝင်အင်ပါယာကြီးမှာ ပျက်သုံးသွားတော့သည်။
 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */