" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အင်အားဖြည့်. Show all posts
Showing posts with label အင်အားဖြည့်. Show all posts

Sunday, July 23, 2023

ဘူးသီးတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်သည့်နေရာ အနီး စစ်ကောင်စီက အင်အားရာချီဖြည့်တင်း

Narinjara News
ရေးသူ: Web Master
ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)နှင့် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီး စစ်ကောင်စီတပ်က အင် အားရာနှင့်ချီဖြည့်ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။AA နှင့် ARSA အဖွဲ့တို့သည် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းတို့တွင် ဘူးသီးတောင်မြို့နယ်၊ အာကာ ပျံ နှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */