ထက်နိုင်ဇော်
22 November 2019

သမ္မတ ဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သမ္မတ အိမ်တော်တွင် တွေ့ရစဉ် / သမ္မတ အိမ်တော်
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံတကာ ရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဦးဆောင်မည့် ရှင်းလင်းပွဲတခုကို နိုဝင်ဘာ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ ပြုလုပ်သွားရန် ရှိကြောင်း သတင်း ရရှိသည်။
ယင်းရှင်းလင်းပွဲသို့ တပ်မတော်ခေါင်းဆောင်များ ဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များပါ ဖိတ်ကြားထားကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်တချို့က ဧရာဝတီသို့ ပြောသည်။