Showing posts with label အိမ်ဖြူတော်. Show all posts
Showing posts with label အိမ်ဖြူတော်. Show all posts

Thursday, July 18, 2019

သမ္မတ Trump နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဘာသာရေးနှိပ် ကွပ်ခံရသူတွေထဲ မြန်မာနိုင်ငံက ၄ဦး ပါဝင်

VOA  
ဗွီအိုအေ (မြန်မာဌာန)
18 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
အိမ်ဖြူတော်မှာ သမ္မတ Trump ကိုတင်ပြနေတဲ့ KBC ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Samson Hkalam  
နိုင်ငံပေါင်း ၁၇ နိုင်ငံက ဘာသာရေးနှိပ်ကွပ်မှုကနေ ထွက်ပြေးလွတ်မြောက်လာ ကြသူပေါင်း ၂၇ ဦးကို အေ မ ရိကန်သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ဖိတ်ခေါ် တွေ့ဆုံခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံက လေးဦးလည်း ပါဝင်ပြီး မြန်မာစစ်တပ်အနေနဲ့ ဘာသာရေးအရ ခွဲခြား ဖိနှိပ်မှုတွေ ကို ဆက်လက် ကျူးလွန်နေကြောင်း အမေရိကန်သမ္မတ Trump ကို တင်ပြခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

Tuesday, March 26, 2019

ရခိုင်တိုင်းရင်းသား ရာချီ ဝါရှင်တန်မှာ ဆန္ဒပြ

VOA 
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
26 မတ်၊ 2019
 ရခိုင် တိုက်ပွဲတွေ အပေါ် အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေနဲ့ မြန်မာနွယ်ဖွားတွေ မြို့တော် ဝါရှင်တန်မှာ ဆန္ဒပြ။ 
 
ရခိုင်ပြည်နယ်က အရပ်သားတွေ ထိခိုက်သေကြေ၊ မြောက်ဦး ရှေးဟောင်း အမွေအနှစ်တွေ၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးမှုတွေနဲ့ ထိတ်လန့်တုန်လှုပ်နေရတဲ့ ဒေသတွင်း စစ်ပွဲတွေကို အမေရိကန်ရောက် ရခိုင်လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာပြည်ဖွား ရာနဲ့ချီပြီး တနင်းလာနေ့က ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာသံရုံး၊ အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန် လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး အမေရိကန်ဆိုင်ရာ မြန်မာ သံ အမတ်ကြီးနဲ့လည်း ဆန္ဒပြသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */