Showing posts with label သဘောထား. Show all posts
Showing posts with label သဘောထား. Show all posts

Thursday, June 3, 2021

ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ 
2021-06-03
၂ဝ၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာတွေ့ရတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦး။
File Photo/Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားတွေနည်းတူတန်းတူ အခွင့် အရေး ရရှိရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်နိုင်ဖို့ရေး ရိုဟင်ဂျာမူဝါဒ ဆိုင်ရာ သဘောထားကြေညာချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၃ ရက်နေ့ မှာ ထုတ်ပြန် လိုက်ပါတယ်။

Thursday, January 30, 2020

ရိုဟင်ဂျာ ပြဿနာအပေါ် အမေရိကန်ရဲ့ သဘောထား

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-29
 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်တချို့ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Ed JONES / AFP

ဇန်နဝါရီလ ၂၉ ရက်နေ့ ဂျပန်အခြေစိုက် The Diplomat စာစောင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။

ဦးသစ်ဆင်း က ကောက်နုတ်တင်ပြထားပါတယ်။

Link : Here

Friday, January 24, 2020

ကြားဖြတ် လုပ်ဆောင်ချက် အမိန့်အပေါ် ICJ ဒု-ဥက္ကဌ ရဲ့သီးခြား သဘောထား

VOA
24 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
 ICJ နိုင်ငံတကာတရားရုံးရဲ့ ဒုဥက္ကဋ္ဌ Xue Hanqin (ICJ)
 
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ မရောက်အောင် တားဆီးရေး ကြားဖြတ်ဆောင်ရွက်ချက်တွေကို ICJ နိုင်ငံတကာတရားရုံးက ချမှတ်ခဲ့ပြီးနောက် တရားရုံးရဲ့ ဒုဥက္ကဋ္ဌ Xue Hanqin ကသူ့ရဲ့သီးခြားသဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။ ကြားဖြတ်ဆောင်ရွက်ချက် အမိန့်ချဖို့ သူ ထောက်ခံခဲ့ပေမဲ့ ဘာကြောင့်ချဖို့လိုတယ်ဆိုတဲ့ အကြောင်းအရင်းတချို့အပေါ်မှာတော့ သူ သိပ် သဘော မတူဘူးဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။

Friday, December 6, 2019

ICJ မှာ ဂမ်ဘီယာဘက်က လိုက်ပါမယ့် ရှေ့နေရဲ့ သဘော ထား

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
ဦးကျော်ဇံသာ
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတကာ တရားရုံးက လက်ခံ ကြား နာဖို့ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ Paul Reichler ကပြောကြားလိုက်ပါတယ်။

Saturday, November 23, 2019

ICJ တရားရင်ဆိုင်မှုအပေါ် လူငယ်တွေဘယ်လို သဘော ထားလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေရိန်ကျော်
2019-11-22
ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: ICJ

ICJ တရားရုံးမှာ မြန်မာနိုင်ငံရင်ဆိုင်ရမယ့်အချိန်ဟာ ရက်ပေါင်း ၂၀ ပဲလိုပါတော့တယ်။ ဒါကြောင့် အခြေ အနေနဲ့ပတ်သက်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုသက်ဆွေဝင်း၊ ကချင်လူငယ် ဆိုင်းနုပန်နဲ့ မွန်လူငယ် မဝိဇယ တို့ရဲ့ အမြင်နဲ့သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။ 

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */