" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အထွေထွေရွှေးကောက်ပွဲ. Show all posts
Showing posts with label အထွေထွေရွှေးကောက်ပွဲ. Show all posts

Saturday, August 15, 2020

ရွေးကောက်ပွဲဝင်ခွင့်မရတဲ့ ဦးအဓူရော်ရှိနဲ့ တွေ့ဆုံမေးမြန်း ချက်

 လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-15


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ဦးအဓူရော်ရှိကို မွေးဖွားစဉ်က မိဘတွေ နိုင်ငံသားမဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။

ဦးအဓူရော်ရှိကို RFA သတင်းထောက် ကိုသန့်ဇင်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

(ဗီဒီယို- ကျော်ဇင်သန်း/ သန့်ဇင်ဦး)

လင့်၊https://www.youtube.com/watch?v=H8OgGbRRZFw#action=share

Wednesday, August 5, 2020

မွတ်ဆလင်တွေ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပိုကြိုးစားလာ

RFA
လွတ်လပ်တဲ့ အာရှအသံ
ကျော်လွင်ဦး
2020-08-05
ရန်ကုန်မြို့ တာမွေမြို့နယ်က ဗလီမှာ ဝတ်ပြုနေတဲ့ မွတ်စလင်ဘာသာဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA


လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတချို့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းစာရင်းတွေနဲ့ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အစ္စလာမ်ဘာသာဝင်တွေ  ပါဝင်နေပါတယ်။

လူနည်းစု ကိုယ်စားလှယ်တွေကို အကူအညီပေးဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ “ခွင့်တူညီမျှ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ” က ပြုစုထားတဲ့ စာရင်းအရ မွတ်ဆလင် ကိုယ်စားလှယ်လောင်း ၂၅ ဦး ရှိပါတယ်။ ရန်ကုန်တိုင်းမှာ ၁၅ ဦးနဲ့ ရခိုင်ပြည်နယ်မှာ ၁၀ ဦးပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */