Showing posts with label လူ့အခွင့်အရေ. Show all posts
Showing posts with label လူ့အခွင့်အရေ. Show all posts

Monday, May 27, 2024

လူ့အခွင့်အရေး ချိုးဖောက်မှု အချက်အလက်တွေ စစ်ကောင်စီကို IIMM တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)

၂၇ မေ၊ ၂၀၂၄ 

မြောက်ခင်ရန်းရွာ 

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဒီကနေ့ မေလ ၂၇ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုလိုက်ပါတယ်။ စစ်ကောင်စီထံ IIMM အရင်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိတဲ့အတွက် ဒီကနေ့ ထပ်မံတောင်းဆိုရခြင်းဖြစ်ပြီး အခုနောက်ဆုံး တောင်းဆိုမှုအပေါ် စစ်ကောင်စီဘက်က တုံံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း IIMM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */