" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label အခက်ကြုံ. Show all posts
Showing posts with label အခက်ကြုံ. Show all posts

Monday, July 31, 2023

အကူအညီ ထပ်လျှော့ချတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ အခက်အခဲကြီးစွာ ကြုံရ

RFA
ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.07.30 

၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။ AFP
 

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးနေတဲ့ စားနပ်ရိက္ခာတွေထဲက ရန်ပုံငွေ မလုံလောက်တာ ကြောင့် ဒုတိယအကြိမ် ထပ်ပြီး လျှော့ချဖြတ်တောက် ထားရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့် ရ Stéphane Dujarric က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပြောဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ဒုက္ခ သည်တွေအတွက် အခုနှစ်ကုန်အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ အခက်အခဲ တွေ့နေပါတယ်။

Sunday, July 23, 2023

ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက် ကြုံနေရဟုဆို

ဧရာဝတီ
ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရ / CJ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ် ကျောက်တလုံးဘုရားအနီးရှိ ဒုက္ခသည်စခန်းမှ နေရာသစ်သို့ ပြောင်းရွှေ့ခံရ သည့် ရိုဟင် ဂျာ ဒုက္ခသည်များမှာ လက်ရှိနေရာသည် ချောင်းအနီးဖြစ်၍ မိုးရွာလျှင် ရေကြီးရေလျှံပြီး ရေနစ်မြုပ် ခြင်း၊ သွားလာရေး အဆင်မပြေမှုများအပြင် မြို့နှင့်အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */