" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်ပြည်နယ်. Show all posts
Showing posts with label ရခိုင်ပြည်နယ်. Show all posts

Tuesday, September 17, 2019

ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို သွားလေ့လာဖို့ မျှော်လင့်နေ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-09-17

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ် Li Jiming နဲ့ ကော့ဘဇားခရိုင် Shalbagan ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင်တွေ ၂၀၁၉ စက်တင်ဘာ ၁၆ ရက်နေ့ကတွေ့ဆုံစဉ်
Photo: BenarNews
ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ကို ရခိုင်ပြည်နယ် အခြေအနေတွေ သွားရောက်လေ့ လာမယ့် အစီ အစဉ် တစ်ခုလုပ်ဖို့ တရုတ်နိုင်ငံက ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းချက်ကို ရိုဟင်ဂျာ ခေါင်းဆောင် ပိုင်းရော၊ ဘင်္ဂလားဒေ့ရှ် အစိုးရပိုင်းကပါ လိုလားနေကြတယ်လို့ သိရပါတယ်။

Sunday, March 3, 2019

ရခိုင်တိုက်ပွဲတွေအပေါ် သူတို့ ဘယ်လိုမြင်ကြလဲ



2 March 2019

ရခိုင်ပြည်နယ်အတွင်းသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်။ AA သည် ကချင်လွတ်လပ်မြောက်ရေး တပ်မတော် (KIA) ထိန်း ချုပ်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်းသို့ AA ဝင်ရောက်လာပြီးနောက် တပ်မတော်နှင့် ကြိုကြားကြိုကြား ထိတွေ့မှုများ ရှိ ခဲ့ ပြီးယခုနှစ်ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ကင်းစခန်း ၄ ခုကိုအလစ်အငိုက်ဝင်ရောက်  တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော် အနေဖြင့် AA ကို စစ်ဆင်ရေး ပုံစံဖြင့် ရှင်းလင်းမှုများ ဆက်တိုက် လုပ် ဆောင်လာခဲ့သည်။

အရှိန်မြင့်လာသည်နှင့် တပြိုင်တည်းမှာဘဲ ပြည်နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများ ဖြစ်လာပြီး အ ရပ် သားများ၊ အစိုးရဝန်ထမ်းများ ဖမ်းဆီးနှိပ်စက် ခံရမှုများ၊ ထိခိုက်သေဆုံးမှုများ၊ စီးပွားရေး၊ လူမှုရေးနှင့် ပ ညာရေးများကိုပါထိခိုက်မှုများရှိလာပြီး အခြေအနေ တနေ့ထက်တနေ့ ဆိုးရွားလာနေသည်ကို တွေ့ရ သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်ပယ်အသီးသီးက အမြင်သဘော ထားများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်သည်။


Thursday, February 21, 2019

ဒုက္ခသည်တွေပြန်လာရန် လုံခြုံမှုမရှိသေးဟု HRW အရာရှိပြောကြား

RFA
လွတ်လပ်တဲ့ အာရှအသံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ်




ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ RFA လွတ်လပ်တဲ့အာရှအသံ ဌာနချုပ်ကို HRW လူအခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူး Phil Robertson အင်္ဂါနေ့က လာရောက်လည် ပတ် ခဲ့ပါတယ်။သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးခင်မောင်စိုးက တင်ပြထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */