Showing posts with label ပုဏ္ဏားကျွန်းမြို့နယ်. Show all posts
Showing posts with label ပုဏ္ဏားကျွန်းမြို့နယ်. Show all posts

Sunday, July 28, 2019

ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းမှာ လူငယ် ၁ဝ ဦးကို ဖမ်းဆီး

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-28

ponnagyun-signboard-622
Photo: RFA

 ရခိုင်ပြည်နယ် ရ‌သေ့‌တောင်‌ကနေ ပုဏ္ဏားကျွန်းမြို့ကိုသွားတဲ့ ကားတစ်စီးပေါ်ကနေ လူငယ် ၁ဝ ဦးနဲ့ ယာဉ် မောင်း တစ်ဦးကို ဇူလိုင်လ ၂၇ ရက် နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေထဲမှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာက ၁၆ နှစ်အရွယ် ၁ဝ တန်း ကျောင်းသားနဲ့ ၁၂ နှစ်ရွယ် ကလေးနှစ်ဦးလည်း ပါဝင်ပါတယ်။

Thursday, June 27, 2019

တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာတရွာ လုံးနီးပါး ထွက်ပြေးရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-26
 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အဝင်တနေရာ။
                                      
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီရွာအနီးမှာ ဇွန်လ ၂၅ ရက်နေ့မနက်က မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့် တပ်တော်တို့ တိုက်ပွဲဖြစ်တာကြောင့် ဆင်သီရွာက လူဦးရေ ၂၈ဝဝ ကျော် ဘေးလွတ်ရာကို ထွက် ပြေးသွားကြတယ် လို့ ဆင်သီကျေးရွာကျောင်းတိုက်က အနော်မာလမင်းဆရာတော်က RFA ကို မိန့်ပါ တယ်။

Sunday, June 2, 2019

ပုဏ္ဏားကျွန်းမှာ တပ်မတော်ကခေါ်သွားတဲ့ ရာအိမ်မှူး နှစ်စ်ယောက် ပြန်လွတ်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-06-02
                                    ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ဆိုင်းဘုတ် Photo: RFA


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီကျေးရွာသား ရာအိမ်မှူး နှစ်ယောက်ကို မနေ့က တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

Saturday, June 1, 2019

ဆင်သီရွာသားများအားစစ်ဆေးပြီးနောက် စစ်ကြောင်း ပြန်လည်ထွက်ခွာသွား

နိရဉ္စရာ
နိရဉ္စရာ၊ ဇွန်လ ၁ / ၂၀၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သီကျေးရွာမှ ယောင်္ကျား တစ်ချို့ကို စစ်ဆေးပြီးနောက် တပ်မ(၂၂) စစ်ကြောင်းသည် ယနေ့ ညနေ ၄ နာရီမထိုးခင်က ရွာကနေ ထွက်ခွာသွားပြီဟု ကျေးရွာသားများက ပြော သည်။

Monday, March 11, 2019

AA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြန်မာအစိုးရ လမ်းဖွင့် ထား

VOA
ဗွီအိုအေ (မြန်မာဌာန)
ကောင်းစံဟိန်း
 နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး (၂၀၁၉ ဇန်န၀ါရီ ၇ ရက်နေ့)

မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့ AA တွေအကြား ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပေ မယ့် လည်း AAအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အမြဲတမ်း လမ်းဖွင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုလိုက်ပါတယ်။ ကျောက်တော်ဒေသဘက်မှာ ပစ်ခတ်မှုတချို့ ရှိခဲ့သလို၊ ရသေ့တောင်မြို့နယ်မှာလည်း မနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တဦး ပျောက်ဆုံးနေတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံး အခြေအနေကို ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */