နိရဉ္စရာ
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊ ဇူလိုင် ၂၇/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရဖီ ကျေးရွာအနီးတွင် ယနေ့ နံနက်က ၉ နာရီမှ စတင်ပြီး ယနေ့ ညနေပိုင်းထိ မြန်မာတပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
သရဖီကျေးရွာ အရပ်လူကြီးတစ်ဦးက “ ရွာအနီးက တောင်ချိုင်မှာ ဖြစ်နေကြပါတယ်။ မနက် ၉ နာရီကနေ ပစ်နေကြတာ အခုညနေထိ ကြားနေရပါတယ်။ လက်နက်ကြီး လက်နက်သံရော အစုံကြားနေရပါတယ်” ဟု ယနေ့ ညနေ ၆ နာရီကဆက်သွယ်စဉ် ပြောကြားသည်။