" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရဟတ်ယာဉ်. Show all posts
Showing posts with label ရဟတ်ယာဉ်. Show all posts

Saturday, February 22, 2020

နိုင်ငံတော် အကြီးအကဲများနှင့် အရပ်ဘက် အစိုးရအဖွဲ့ဝင် များ အသုံးပြုနိုင်ရန်အတွက် ယူရို ၁၃ သန်းကျော်တန်ဖိုး ရှိ ရဟတ်ယာဉ်တစ်စီး ဝယ်ယူထားပြီး မြန်မာနိုင်ငံသို့ ဧပြီ တွင် ရောက်ရှိမည်

ELEVEN 
22 February 2020
နေရိုင်း၊ ဇေယျာထွန်း
AW 139 လေယာဉ် အမျိုးအစားအား တွေ့ရစဉ် (Photo: military.wikia.org)

 
နိုင်ငံတော်အကြီးအကဲများနှင့် အရပ်ဘက်အစိုးရအဖွဲ့ဝင်များအသုံးပြုနိုင်ရန် အတွက် ယူရို ၁၃ ဒသမ ၂၇၂ သန်းတန်ဖိုးရှိ သည့် ရဟတ်ယာဉ်တစ်စီးအား နိုင်ငံတော် အစိုးရအနေဖြင့် ဝယ်ယူထားပြီး ယခုနှစ် ဧပြီလ တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

Thursday, February 20, 2020

လူကယ်ပြန်ဝန်ကြီးနဲ့ ရခိုင်ဝန်ကြီးချုပ်တို့ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ပစ်ခတ်ခံရမှု အေအေ ဘာပြောလဲ

B B C 
ဘီဘီစီ မြန်မာပိုင်း
20 ဖေဖော်ဝါရီ 2020
ရဟတ်ယာဉ်မှူးတွေနဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုတို့ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ လောလောဆယ် မသိရေ သးဘူးလို့ ရက္ခိုင့်တပ်တော် အေအေက ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

Wednesday, February 19, 2020

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ဝန်ကြီးချုပ် ဦးညီပု တို့ စီးနင်းလိုက်ပါသည့် ရဟတ်ယာဉ် ဘူးသီးတောင်သို့ အသွားတွင် တိုက်ခိုက်ခံရ

နိရဉ္စရာ
ချစ်အိလှိုင်
 ဖေဖော္ဝါရီ ၁၉/ ၂ဝ၂ဝ


လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့စီးနင်း လိုက် ပါလာသည့် ရဟတ်ယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်အကြားတွင် သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခံ ခဲ့ရကြောင်း သတင်း ရရှိသည်။

ယေန့ နံနက် ၁ဝ နာရီ ၄၅ မိနစ်ခန့် က ရဟတ်ယာဉ်ဖြင့် သွားရောက်စဉ် ထိုသို့ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း တပ်မေတာ် သတင်းမွန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူျးခုပ်ဇော်မင်းထွန်းက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

Friday, December 6, 2019

AA စစ်ဦးစီးချုပ်၏ဇနီး ထိုင်းတွင် အဖမ်းခံရပြီး မြန်မာနယ် စပ် သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်

Narinjara
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊  ဒီဇင်ဘာ ၆/ ၂ဝ၁၉

ရက္ခိုင့်တပ်တော်( AA) ၏ စစ်ဦးစီချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးအား ထိုင်း အစိုးရမှ ဖမ်းဆီးပြီး နယ်စပ်မြို့ မယ်ဆိုင်သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ချင်းမိုင်မြို့သို့ ရောက် ရှိနေသူ ရခိုင့်လူအခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့ကို ဒီကနေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်က ချင်းမိုင် လေယာဉ်ကွင်းကနေ မယ်ဆိုင်ကို ရဟတ်ယာဉ်နဲ့ ယူဆောင်သွားပါတယ်။ သူတို့ကို မယ်ဆိုင်ကနေ မြန်မာကို ပို့ဆောင်ဖို့ ယုံကြည်မျှော်လင့်ရပါတယ်” ဟု ၎င်း က ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူ မဇာဇာအတူ သမီးဖြစ်သူ စောပြည့်ရှင် (၁၁) နှစ်၊ မြတ်လင်းဇံ (တစ်နှစ်နှင့် တစ်လ) တို့ ပါဝင်သည်ဟု သိရသည်။

၎င်းတို့အား ဒီဇင်ဘာ ၄ ရက်နေ့က ချင်းမိုင် လဝကရုံးတွင် ဗီဇာသက်တမ်းတိုးရန် သွားရာမှာ ထိုင်းထောက် လှမ်းရေးများနှင့် လဝကများက ဖမ်းဆီးခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

လင့်၊https://burmese.narinjara.com/news/detail/5dea170d7138e7041e261d72
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */