" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ခရီးသွားလာခွင့်. Show all posts
Showing posts with label ခရီးသွားလာခွင့်. Show all posts

Saturday, November 27, 2021

ရိုဟင်ဂျာတွေ ခွင့်မပြုချက်မရှိဘဲ ခရီးသွားလာရင် အရေးယူ မယ်လို့ အမိန့်ထုတ်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ

2021-11-26
ရခိုင်ပြည်နယ်ကို ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာတွေကို တွေ့ရစဉ်
Photo: RFA
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို နိုဝင်ဘာလ ၂၅ ရက်နေ့ကစလို့ အေ ထာက်အထားမပါဘဲ ခရီးသွားလာရင် ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မနေ့က ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

Friday, November 26, 2021

ကုလသမဂ္ဂတရားရုံး ICJ ကြားဖြတ်အမိန့်ကို ဖောက်ဖျက်၍ စစ်ကောင်စီက ရိုဟင်ဂျာများ ခရီးသွားလာခွင့်ပိတ်ပင်သော အမိန့်ချမှတ်

ရန်ကုန်ခေတ်သစ်မီဒီယာ
ရန်ကုန်၊ နိုဝင်ဘာ ၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံဆုံး ဖြတ်ချက် များ ချမှတ်ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကာ ရိုဟင်ဂျာများကို ခရီးသွားလာခွင့် ပိတ်ပင်သော အမိန့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ ရက်စွဲဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများက ထုတ်ပြန် ကြောင်း ကြေညာသည်။


ရိုဟင်ဂျာ လူမျိုးတချို့သည် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်း ကျော်လွန်၍ ခရီး သွားလာနေခြင်း ခရီးသွားလာရာတွင် ခရီး သွားလာခွင့် ပုံစံ ၄ ယူဆောင်ရန် ပျက်ကွက်နေခြင်းများကြောင့် မြို့ နယ် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူရန် လို အပ်သည့် ရိုဟင်ဂျာ လူမျိုးများ အနေဖြင့် တရားဝင် ခွင့်ပြုချက် ပုံစံ ၄ ရယူပြီးမှသာ ခရီးသွားလာကြရန် ထုတ် ပြန်ထားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */