VOA
ဗွီအိုအေ (မြန်မာဌာန)
21 ဧပြီ၊ 2019
ကိုဉာဏ်ဝင်းအောင်

21 ဧပြီ၊ 2019
ကိုဉာဏ်ဝင်းအောင်

စစ်တွေ အကျဉ်းထောင်
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တဲ့ကိစ္စ မကျေနပ်ရာက ဧပြီ (၂၀)ရက် စနေနေ့ ညဦးပိုင်းမှာ ထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အခြေအနေ ကို ထိန်းသိမ်းနိုင်ခဲ့ပုံရတယ်လို့ အကျဉ်းထောင်ရှေ့ သွားရောက် လေ့လာခဲ့သူတဦးက VOA ကိုပြောပါ တယ်။ အခုတော့ စစ်တွေထောင်တွင်း ထောင်ပြင်မှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အခြေအနေတွေကို ပြောပြမှာပါ။