" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့. Show all posts
Showing posts with label တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့. Show all posts

Tuesday, December 3, 2019

ICJ မှာ ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရမှ တာဝန်ယူ၊ တာဝန်ခံ မှုကို ပြခြင်းဟု ပြော

Network Media Group
သတင်းနှင့်မီဒီယာကွန်ယက်
December 2, 2019

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်ဖြေရှင်းရန်အတွက် အစိုးရ နှင့် တပ်မတော် ပူးပေါင်း လုပ်ဆောင်ခြင်း သည် အစိုးရမှ တာဝန်ယူ တာဝန်ခံ မှုကို ပြသခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီ အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ယနေ့ စတင်ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် PPST ယာယီ အဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆို လိုက်ခြင်းဖြစ်သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */