" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မိုခါမုန်တိုင်း. Show all posts
Showing posts with label မိုခါမုန်တိုင်း. Show all posts

Tuesday, November 7, 2023

မိုခါမုန်တိုင်းအလွန် ဝမ်းရေးသာမက၊ နေရေးပါ ခက်လာ သည့် ရိုဟင်ဂျာများ

Myanmar Now
ရောင်နီ
September 8, 2023

အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ ဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထိုအမျိုးသမီး ငိုယိုနေတော့သည်။

Saturday, September 9, 2023

မိုခါမုန်တိုင်းအလွန် ဝမ်းရေးသာမက၊ နေရေးပါ ခက်လာ သည့် ရိုဟင်ဂျာများ

Myanmar Now
ရောင်နီ
September 8, 2023


အရပ်ခပ်ပုပု၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနှင့် အသက် ၄၀ အရွယ် ရိုဟင်ဂျာအမျိုးသမီး လိုင်လာဘေဂါမ့်ကို မြင်ရသည်မှာ စိတ်ဓာတ်ကြံ့ခိုင်သန်မာလှသည်ဟု ထင်ရသည်။ လင်ဆုံး၊ သားဆုံးဖြစ်ခဲ့ရသည့် သူ့ ဇာတ် ကြောင်းကို ပြန်ပြောင်းပြောပြသည့်အချိန်တွင်တော့ စိတ်ဓာတ်ကြံ့ခိုင်လှသည် ထင်ရသော ထို အမျိုးသမီး ငိုယိုနေတော့သည်။

Friday, August 4, 2023

စစ်ရေးပဋိပက္ခများနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် မိအေး နှစ်ခါ နာနေသည့် ရခိုင်ပြည်နယ်

Myanmar Now
August 4, 2023 

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် စစ်တွေကမ်းရိုးတန်းအခြေအနေကို ဇူလိုင်လ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ − ပေးပို့)
 

ရခိုင်ပြည်နယ်ဟု ဆိုလိုက်လျှင် ရိုဟင်ဂျာအရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများကြောင့် နိုင်ငံတကာက အာရုံစိုက်ကြ ရာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါမုန်တိုင်း ကြောင့် လည်း လူပေါင်းရာချီ သေကျေကာ ပစ္စည်းဥစ္စာအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးမှုများကြောင့် နိုင်ငံတကာ၏ အာရုံစိုက်စရာ ထပ်မံပေါ်ပေါက်လာခဲ့သည်။

Friday, July 21, 2023

ရခိုင်တွင် မုန်တိုင်းကာလ ၂ လကျော်ပြီ ဖြစ်သော်လည်း အမိုးအကာအောက် မရောက်သေးသူများ ရှိနေ

MPA
Myanmar Pressphoto Agency
MPA CJ012
Jul 16, 2023

ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂ လကျော် ကာလရှိပြီ ဖြစ်သော်လည်း ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံတစ်ချို့နှင့် ရိုဟင်ဂျာဒုက္ခသည်များမှာ ယခုချိန်ထိ အမိုးအကာအောက်သို့ မရောက် ကြသေးကြောင်း ဒေသခံများနှင့် ဒေသတွင်း ပရဟိတလုပ်ဆောင်ပေးနေသူများထံမှ သိရသည်။

မုန်တိုင်းသင့် ရခိုင်မှာ အကူအညီပေးခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်ကြောင်း ကုလထုတ်ပြန်

RFA
RFA Burmese
2023.07.21

စစ်တွေမြို့နယ်၊ ဘုမေအုပ်စု၊ သဲချောင်းအုန်းတောရွာမှ ရိုဟင်ဂျာများအား မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်အပြီး ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့က တွေ့ရစဉ်။RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာ နာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ရခိုင်မှာ နိုင်ငံတကာအဖွဲ့တွေရဲ့ ပုံမှန်စီမံကိန်းတွေ ပြန်လည်စတင်နေပေမယ့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီခွင့်ကို နှစ်လကျော်လာတဲ့အထိ ပိတ်ပင်ခံထားရတာပါ။

Saturday, July 15, 2023

ရခိုင်မှာ မိုခါမုန်တိုင်းအပြီး နှစ်လကြာအထိ ဒေသခံတွေ အမိုးအကာအောက်ရောက်ဖို့ ခက်နေ

RFA
RFA Burmese
2023.07.14

မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးသွားသည့် စစ်တွေမြို့နယ် ဘာဆာရာ ရိုဟင်ဂျာရွာအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။Photo: RFA

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်တာ အခုဆိုရင် နှစ်လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ မုန်တိုင်းသင့်တဲ့ ရိုဟင်ဂျာတွေ ရခိုင်တိုင်းရင်းသားတွေကတော့ အခုအချိန်ထိ နေအိမ်တွေ မပြုပြင်နိုင်ကြ သေး သလို အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြဆဲပါ။

"စားမယ့်ဟာကိုလုပ်ရင် နေမယ့်ဟာ မလုံလောက်ဖြစ်နေကြတယ်" 

Saturday, July 1, 2023

မုန်တိုင်းအလွန်ထောက်ပံ့ရေးတွေ ဘာမှမရသေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ (ရုပ်/သံ)

ဧရာဝတီ
၂၀၂၃ ဇွန်လ ၃၀ ရက်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ မိုခါမုန်တိုင်းဒါဏ်ကို ဆိုး ဝါးစွာ ခံစားခဲ့ကြရပြီးနောက် မုန်တိုင်းအလွန်ကာလမှာလည်း စစ်ကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက တစုံ တရာ ထောက်ပံ့တာမျိုးမရဘူးလို့ သိရပါတယ်။ အုန်းတောချေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဦးရေ တထောင် ကျော်၊ အိမ်ထောင်စု တရာနီးပါး နေထိုင်ကြတာ ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရတဲ့ နေအိမ် အဆောက် အဦးတွေဟာ အခုထိ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ စစ်တွေမြို့ အနောက်ဘက်ခြမ်းပင်လယ် ကမ်းစပ်အနီးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ ၂ သိန်းဝန်းကျင်ရှိပြီး မုန် တိုင်း ကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။ #WhatsHappeningMyanmar #RejectMilitaryCoup 

Link : Here

Thursday, June 29, 2023

မုန်တိုင်းအလွန်ထောက်ပံ့ရေးတွေ ဘာမှမရသေးတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

ဧရာဝတီ
၂၉ ဇွန် ၂၀၂၃ 

ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ မိုခါမုန်တိုင်းဒါဏ်ကို ဆိုး ဝါးစွာ ခံစားခဲ့ကြရပြီးနောက် မုန်တိုင်းအလွန်ကာလမှာလည်း စစ်ကောင်စီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီက တစုံ တရာ ထောက်ပံ့တာမျိုးမရဘူးလို့ သိရပါတယ်။ အုန်းတောချေ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ လူဦးရေ တထောင် ကျော်၊ အိမ်ထောင်စု တရာနီးပါး နေထိုင်ကြတာ ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရတဲ့ နေအိမ် အဆောက် အဦးတွေဟာ အခုထိ ပြန်လည် ပြင်ဆင် နိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါ စစ်တွေမြို့ အနောက်ဘက်ခြမ်း ပင် လယ် ကမ်းစပ်အနီးရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေဟာ ၂ သိန်းဝန်းကျင်ရှိပြီး မုန်တိုင်းကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။ 

#WhatsHappeningMyanmar #RejectMilitaryCoup

Link : Here

Tuesday, June 20, 2023

မိုခါမုန်တိုင်းဒဏ် ကုစားရန် မြို့တော်စစ်တွေ၌ပင် စစ်ကောင် စီ မစွမ်းနိုင်

Myanmar Now
June 19, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုများကို မေ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images
 

အလွန်ပြင်းထန်သော မိုခါမုန်တိုင်း တိုက်ခိုက်ပြီး တစ်လကျော်ရှိလာချိန်တွင် နိုင်ငံတကာအကူအညီများကို ပိတ်ဆို့ ထားသည့် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၌ပင် ဆန် ၆ ပြည်၊ စားသုံးဆီ ၁ လီတာ၊ မိုးကာစ အနည်းငယ်မှလွဲ၍ ထူထောင်ရေးအကူအညီများ ထိရောက်စွာ မပေးနိုင်ဟု စုံစမ်းသိရှိရသည်။

Tuesday, May 30, 2023

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကျော် သေဆုံးဟု ကူညီ​ပေး​နေသူ​ပြော

လူထုနွေဦး
မေ 16, 2023

အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​မေ ၁၅ ရက်တွင် စစ်​တွေမြို့သို့သွားပြီး မိုခါဆိူင်ကလုန်းမုန်တိုင်းတွင်စစ်ကောင်စီ က ထိခိုက်​သေဆုံးပျက်စီးမှုနည်းပါး​အောင်လုပ်နိုင်ခဲ့​ကြောင်း​ပြောခဲ့သည်။ မုန်တိုင်း​ကြောင့် ၃ ဦး​သေပြီး ၁၃ဦးဒဏ် ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။ 

(​မုန်တိုင်း​ကြောင့်သေဆုံးခဲ့​သူများရုပ်အ​လောင်းများကို သဂြိုဟ်ရန် သယ်ယူ​နေကြစဥ်။ဓါတ်ပုံ-Getty images)
 

ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာမွတ် ဆလင် ၄၀၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင့် အဆိုပါစခန်းများသို့ကူညီရန်ရောက်ရှိနေသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူများတွင် ပင်လာ်ကမ်းရိုးတန်းအနီးကျေးရွာများဖြစ်သော စံပြမှ ၅၀ ဦးခန့်၊ ဒါးပိုင်မှ ၂၀၀ နီးပါး၊ ဗေဒမှ ၁၁၀ ခန့်၊ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နှင့် အခြားနေ ရာများမှ ၅၀ နီးပါး အ သီးသီးရှိနေ​သည်ဟု ၎င်းကရှင်ပြသည်။

Sunday, May 28, 2023

စစ်တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်သင့် ကျေးရွာများ

RFA
လွတ်လပ်တဲ့အာရှအသံ
2023.05.28 

စစ်တွေမြို့နယ် ဗေဒါကျေးရွာကို ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင် တွေ့ရပုံ (ဝဲ) နှင့် မုန်တိုင်းတိုက်ပြီးနောက် ၂၀၂၃ မေ ၂၁ ရက်နေ့က တွေ့ရပုံ (ယာ)။ (Credit: Maxar Technologies; Planet Lab)


အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုပြုပြီး ၂ဝ၂၃ ခုနှစ် မေလ ၁၄ ရက် နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တစ်နာရီကို ၁၃၇ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ခဲ့တာပါ။ မုန်တိုင်း ကြောင့် လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရပြီး ရိုဟင်ဂျာမွတ်စလင်တွေ အများစုဖြစ်ပါတယ်။

မိုခါမုန်တိုင်းအရေး ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦးနဲ့ ဆက် သွယ် မေးမြန်းချက်

VOA
ဆုမွန်
၂၈ မေ၊ ၂၀၂၃

မုန်တိုင်းမိုခါ ဒဏ်နဲ့ ရိုဟင်ဂျာတွေ ထိခိုက်သေဆုံးမှု များပြားခဲ့ရတာဟာစစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ တ မင် လုပ်ဆောင်သလိုဖြစ်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့က သတင်းထုတ် ပြန် ပါတယ်။ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌဦးထွန်းခင်ကို မဆုမွန်ဆက်သွယ်မေးမြန်းထား ပါတယ်။

Link : Here

Thursday, May 25, 2023

မိုခါမုန်တိုင်းသင့် မိုခါမုန်တိုင်းအတွက် အီးယူက အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့မည်

DVB
May 25, 2023 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အင်အားပြင်း မိုခါမုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည် တွေအတွက် ဉ ရောပ သမဂ္ဂ (အီးယူ) က အရေးပေါ် အကူအညီ ပေါင် ၂ သန်းခွဲ ထောက်ပံ့ သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အီးယူအမှုဆောင်အဖွဲ့က မေ ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအကူအညီဟာ အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင် ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်မှာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ တွေရဲ့ “အရေးတကြီး လိုအပ်ချက်တွေ” ကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Wednesday, May 24, 2023

မြန်မာတွင် မုန်တိုင်း ကယ်ဆယ်ရေးအတွက် ကုလသမဂ္ဂက ဒေါ်လာ ၃၃၃ သန်း တောင်းထား

ဧရာဝတီ
AFP
24 May 2023 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုင်ကလုန်းမိုခါဒဏ် ခံထားရစဉ် / ဧရာဝတီ

မိုခါမုန်တိုင်းကြောင့် ထိခိုက်သူ ၁ ဒသမ ၆ သန်းအတွက် မိုးရာသီမတိုင်မီ အမိုးအကာ၊ ဆေးကုသရန် အဆောက် အအုံ၊ အစားအစာနှင့် သန့်ရှင်းသောရေ ထောက်ပံ့ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်း လို အပ် ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာရုံးက မေလ ၂၃ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

Sunday, May 21, 2023

အကူအညီလိုနေသော ရခိုင်တွင် ပစ္စည်းများ ဈေးနှစ်ဆတက်

Myanmar Now
အောင်နိုင်,မောင်ရွှေဝါ
May 19, 2023

နေအိမ်အပျက်အစီးများ ရှင်းနေရသည့် မုန်တိုင်းသင့်ဒေသတွင် စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း ဈေးတက် နေသည်၊ ကုလ၏ အသင့်ဖြစ်နေသော အရေးပေါ်အကူအညီလည်း မဖြန့်နိုင်သေးပေ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာရွာ ဘာဆာလာ ပျက်စီးဆုံးရှုံးများကို မိုခါမုန်တိုင်ဝင်အပြီး နှစ်ရက်အကြာ မေ ၁၆ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- SAI AUNG MAIN/AFP via Getty Images)

မိုခါမုန်တိုင်းဒဏ်ကြောင့် အိုးအိမ်ပျက်စီးမှုများပြားသည့် ရခိုင်ပြည်နယ်တွင် အခြေခံစားသောက်ကုန်နှင့် အိမ် ဆောက်ပစ္စည်းဈေးများ နှစ်ဆထိုးတက်သွားပြီး အကူအညီ အရေးပေါ်လိုအပ်နေသည်ဟု ရခိုင်ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မုန်တိုင်းသင့် သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်း ကိုယ်ထူ ကိုယ်ထ ပြန်ပြင်နေရ

RFA
RFA Burmese
2023.05.21
စစ်တွေမြို့မှ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းအား ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နှစ်ဦးသေဆုံးပြီး တစ်ရွာလုံးနီးပါးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက္ကေပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုယ်ထူကိုယ်ထနဲ့ပဲ အိမ်ပြင်ဆင်မှုတွေလုပ်နေရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

Saturday, May 20, 2023

မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် ဒေါ်လာနှစ်သန်း ခွဲ ဗြိတိန်ထောက်ပံ့မည်

လူထုနွေဦး
၁၉ မေ ၂၀၂၃

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဆိုင်ကလုန်းမိုခါ တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အ ထောက်အကူပစ္စည်းများအတွက် USAID မှတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူ ဒါန်း သွားမည်ဟု ကြေညာထားသည်။

(ရခိုင်ပြည်နယ် စစ်​တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​မေလ ၁၄ ရက်က မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)


ဗြိတိန်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန် ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ကြေညာသည်။

ကြိုတင်ရွှေ့ပြောင်းပေးမှုကိုမလိုက်နာလို့ ရိုဟင်ဂျာတရာ ကျော်သေဆုံးခဲ့တယ်လို့စစ်ကောင်စီပြော

Delta News
May 19, 2023 


မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ရိုဟင် ဂျာအရေးလှုပ်ရှားသူတွေက ပြောထားပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီအချက် အလက်ကမှားယွင်းတယ်လို့ ဒီက နေ့တုံ့ ပြန်လိုက်ပါတယ်။

သူတို့ကောက်ယူထားတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ရိုဟင်ဂျာ တရာကျော်သေဆုံးခဲ့ပြီး အဲ့ဒီလိုသေဆုံးခဲ့ကြ တာဟာဒေသအာဏာပိုင်တွေရဲ့ကြိုတင်ရွှေ့ပြောင်းရေးအစီအစဉ်တွေကိုမလိုက်နာတာကြောင့်ဖြစ်တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
                                                                     

မိုခါကြောင့် သေဆုံးသူ ၁၄၅ ယောက်ရှိ

B B C

၁၉ မေ ၂၀၂၃

မေလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာ တစ်ရာကျော် ပါဝင်နေပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာတွေ အသေအပျောက် များခဲ့တာ ဘာကြောင့်ပါလဲ။ မုန်တိုင်း အလွန် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ မအေးသူ စံက ပြောပြပေးမှာပါ။ 

Link : Here

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

Myanmar Now
ပိုးဥ ကိုချို
May 20, 2023

မုန်တိုင်းကြောင့် အစားအသောက်ခက်ခဲနေပြီး အုန်းဦးနှောက် ခေါ် အုန်းပင်အဖျားပိုင်းရှိ အသားနုကို စားသုံးနေသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ − Myanmar Now)

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်း များတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရ ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အဓိကဝင်ပေါက်ဖြစ်သည့် သဲချောင်းတံတားအနီး ဘုမေကျေးရွာအုပ်စု၊ ဆီတာ ဒဲက်ကျေးရွာတွင် မည်သည့်အကူအညီမျှ မရရှိသေးဟု ထိုကျေးရွာတွင် နေထိုင်သည့် ကိုချစ်ဆွေက မေ ၁၉ က Myanmar Now ကို ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */