Showing posts with label ထိုင်းနိုင်ငံ. Show all posts
Showing posts with label ထိုင်းနိုင်ငံ. Show all posts

Sunday, April 6, 2025

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

ဧရာဝတီ
5 April 2025 

 

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

Thursday, April 6, 2023

အထောက်ထားမဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀ ကျော် ထိုင်းရဲ ဖမ်းဆီး

VOA
အေးအေးမာ
၀၆ ဧပြီ၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကားသုံးစီးအပြည့်တင်လာတဲ့ အထောက်အထားမဲ့ရိုဟင်ဂျာတွေကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိထိန်းသိမ်းထားစဉ်။ (ဧပြီ ၅၊၂၀၂၃)

ထိုင်းနိုင်ငံတောင်ပိုင်း Chom Phon ပြည်နယ်ထဲမှာ လူကုန်ကူးသူတွေ ကားသုံးစီးနဲ့အပြည့်ခေါ်ဆောင်လာတဲ့ ရိုဟင် ဂျာဒုက္ခသည် ၈၉ ယောက်ကို အမြန်လမ်းရဲတပ်ဖွဲ့က ဧပြီလ ၄ရက် အင်္ဂါနေ့ကဖမ်းဆီးလိုက်ပါတယ်။ သူတို့ဟာ ထိုင်း−မြန်မာနယ်စပ် ဒုက္ခသည်စခန်းနဲ့ ရခိုင်ပြည်နယ်ဘက်ကနေ လာကြသူတွေဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်း ပေးပို့ထားပါတယ်။

Thursday, December 8, 2022

အထောက်အထားမဲ့ ရိုဟင်ဂျာ ၄၈ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံရ

VOA
၀၈ ဒီဇင်ဘာ၊ ၂၀၂၂
အေးအေးမာ
ထိုင်းရဲက ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာတွေ ( Photo: Thai Police Dept )

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီ ပြည်နယ် အဝေးပြေးလမ်းမှာ ခရီးသည်တင်ကားတစင်းကို ရဲတပ်ဖွဲ့က စစ်ဆေးရာက တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၄၈ ယောက်ကို ဖမ်းဆီးမိခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားနိုင်ငံကို သွားမယ့်သူတွေဖြစ်ကြောင်း စစ်ဆေးချက်အရ သိခဲ့ရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

Wednesday, December 7, 2022

အမြန်လမ်းရဲတပ်ဖွဲ့က ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ဦးကို ဖမ်းဆီး

Bangkok Post

7 ဒီဇင်ဘာ 2022
Pak Tho ခရိုင် Ratchaburi မှာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အဝေးပြေးလမ်းရဲတွေက ဘတ်စ်ကားနဲ့ သွားလာနေတဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ဦးကို ဖမ်းမိခဲ့ပါတယ်။ ၎င်းတို့သည် တာ့ခ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်ကာမလေးရှားနိုင်ငံသို့ ထွက်ခွာလာခဲ့ကြသည်။

RATCHABURI - Pak Tho ခရိုင်မှာ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက အမြန်လမ်းရဲတပ်ဖွဲ့က စင်းလုံးငှား ဘတ်စ် ကားစီးလာတဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တောင်အောက်ပိုင်းသို့ တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ပို့ဆောင်ခံရကြောင်း သ တင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များက ဝမ်မနောမြို့ ပတ်ဆမ် အဝေးပြေးလမ်းတွင် ရှာဖွေရေး ဘတ်စ်ကားအား ကြားဖြတ်ရှာဖွေခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ခွဲ(၂)မှ ဗိုလ်မှူးကြီး ဗချီရာ ယိုတိုင်ဆွန်က ပြောသည်။

ဘတ်စ်ကားပေါ်တွင် ရိုဟင်ဂျာ ရွှေ့ပြောင်းနေထိုင်သူ ၄၈ ဦး ရှိပြီး အမျိုးသား ၃၀ နှင့် အမျိုးသမီး ၁၈ ဦး၊ ၎င်းတို့အနက် ငါးဦးသည် အသက် ၁၃ နှစ်အောက် ဖြစ်သည်။

Wednesday, September 7, 2022

လှေစီးပြေး ရိုဟင်ဂျာ ၅ဝ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင်

VOA
ဗွီအိုအေမြန်မာပိုင်း
၀၇ စက်တင်ဘာလ၂၀၂၂ 

Koh Bulone ပင်လယ်ပြင်ထဲမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ဆယ်ဦးကို ထိုင်းငါးဖမ်းလှေ လုပ်သားတွေက တွေရှိ တာကြောင့် ကယ်ဆယ်ခဲ့ပြီး နောက်ထပ် အဲဒီပင်လယ်ပြင်နဲ့ နီးတဲ့ကျွန်းတကျွန်းပေါ်မှာ ရိုဟင်ဂျာ ၄၁ဦးကို ထပ် တွေ့ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းတောင်ပိုင်း Satun ပြည်နယ်ထဲက ပင်လယ်ပြင်မှာ ဖော့တုံးတွေကို ဖောင်လုပ်ပြီး ရေထဲမျောနေတဲ့ ရိုဟင် ဂျာ ၁၀ ဦးကို ထိုင်းငါးဖမ်းလှေ က ကယ်ဆယ်ခဲ့တာပါ။ သူတိုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေရှ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး အဲဒီကတဆင့် အင်ဒိုနီးရှားနိုင်ငံ ဘက်ကိုသွားဖို့အတွက် လာကြတဲ့ လှေစီးပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

Friday, April 8, 2022

မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်လာသူ ၆ဝ ကျော် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရ

VOA
ဗွီအိုအေမြန်မာပိုင်း
၀၂ ဧပြီလ ၂၀၂၂
အေးအေးမာ 

Human Trafficking လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားများ (ယခင်မှတ်တမ်းဓါတ်ပုံ)

ထိုင်း မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ အထောက်အ ထားမဲ့ ၆၀ကျော်ထဲက ၃၉ဦးဟာ လူကုန်ကူးခံရသူတွေအဖြစ် စစ်ဆေးတွေရှိတယ်လို့ ထိုင်းအာဏာပိုင်တွေ က ဆိုပါတယ်။ ဒီသတင်းကီု ဗွီအိုအေ သတင်းထောက်မအေးအေမာ က သတင်းပေးပို့ထားပါတယ်။

Friday, January 15, 2021

လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ထိုင်းတာဝန်ရှိသူတွေ အရေးယူ ခံရတော့မယ်

VOA
ဗွီအိုအေ (မြန်မာဌာန)  
မအေးအေးမာ
15 ဇန္နဝါရီ၊ 2021 
ကိုဗစ်ကာလအတွင်း ကမ်းချနဘူရီခရိုင်မှာ လူကုန်ကူးသူတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ် - ဇန်နဝါရီ ၁၄၊ ၂၀၂၁)
 
ထိုင်း-မြန်မာနယ်စပ်မှာ မကြာသေးခင်တုန်းက လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ အပါ အဝင် အာဏာပိုင် ၃၃ ယောက်ကို အရေးယူသွားမယ့်အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်တဲ့ သ တင်း ကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်း ပေးပို့ထားပါတယ်။

Monday, January 11, 2021

ထိုင်းရောက် ရိုဟင်ဂျာ ၁၉ ဦးနဲ့ လက်ခံထားတယ်ဆိုသူကို ထိုင်းရဲဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာပိုင်း) 
11 ဇန္နဝါရီ၊ 2021
 ထိုင်းအာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့တဲ့ ရိုဟင်ဂျာ တချို့။ (ဓာတ်ပုံ - လဝက - ဇန်နဝါရီ ၀၆၊ ၂၀၂၁)
 
ရိုဟင်ဂျာ ၁၉ ဦးကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး သူတို့ကို နေအိမ်မှာ လက်ခံထားတယ် ဆိုတဲ့ ထိုင်းအမျိုးသမီးတဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့က ပြောကြားခဲ့တယ်လို့ AFP သတင်း ဌာနမှာ ဖော်ပြထားပါတယ်။

Wednesday, May 20, 2020

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၁၂ ဦး ထိုင်းမှာ ဖမ်းဆီးခံရ

VOA
 ဗွီအိုအေ (မြန်မာဌာန)
20 မေ၊ 2020
မအေးအေးမာ
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲတွေနဲ့ နယ်ခြားစောင့်စစ်တပ်က ဖမ်းဆီးလိုက်တဲ့ ရခိုင်ပြည်နယ်ကလာတဲ့ ရိုဟင်ဂျာ တချို့ (မေ ၂၀၊ ၂၀၂၀) 

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ နယ်ခြားစောင့်စစ်တပ်က ရခိုင် ပြည် နယ်က လာတဲ့ ရိုဟင်ဂျာ ၁၂ ဦိးကို ဖမ်းဆီးလိုက်တဲ့သတင်းကို တင်ပြပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

Friday, December 6, 2019

AA စစ်ဦးစီးချုပ်၏ဇနီး ထိုင်းတွင် အဖမ်းခံရပြီး မြန်မာနယ် စပ် သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်

Narinjara
ခိုင်လူလှ (ရိုးမမြေ)
နိရဉ္စရာ၊  ဒီဇင်ဘာ ၆/ ၂ဝ၁၉

ရက္ခိုင့်တပ်တော်( AA) ၏ စစ်ဦးစီချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီးဖြစ်သူနှင့် သားသမီးနှစ်ဦးအား ထိုင်း အစိုးရမှ ဖမ်းဆီးပြီး နယ်စပ်မြို့ မယ်ဆိုင်သို့ ရဟတ်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ချင်းမိုင်မြို့သို့ ရောက် ရှိနေသူ ရခိုင့်လူအခွင့်အရေးဆောင်ရွက်နေသူ တစ်ဦးက သတင်းဌာနသို့ ပြောကြားသည်။

Sunday, November 17, 2019

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ စည်းဝေး

VOA
ဗွီအိုအေ (မြန်မာပိုင်း)
17 နိုဝင်ဘာ၊ 2019
အခုနှစ် ဇူလိုင်လအတွင်းက ဘန်ကောက်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် စုပေါင်းဓာတ်ပုံရိုက်နေကြသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ။ (ဇူလိုင် ၁၁၊ ၂၀၁၉)

အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

Monday, November 4, 2019

ထိုင်းနိုင်ငံက ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခင်မောင်ညိန်း
2019-11-04
၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပစဉ်
Photo: Myanmar State Counsellor Office

                                          
၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စနေ- တနင်္ဂနွေ နှစ်ရက်က ကျင်းပခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */