VOA
ဗွီအိုအေ (မြန်မာဌာန) 03 စက်တင်ဘာ၊ 2020
ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda
ICC နိုင်ငံတက ပြစ်မှုဆိုင်ရာခုံရုံး ရှေ့နေချုပ် Fatou Bensouda ကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက စက်တင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံမှာ အမေရိကန်စစ်သားတွေ ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး စုံစမ်း စစ် ဆေးမှု လုပ်ဖို့ ကြိုးစားခဲ့တဲ့ အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံသူ Bensouda ဟာ ထရမ့် အစိုး ရအဖွဲ့ကို အမျက်ထွက်စေခဲ့တာပါ။