လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-03-09
ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ အခြေအနေကို ရိုက် တာ သတင်းဌာနနဲ့ အမေးအဖြေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးမောင်ကျော်ဇံကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အမှုဖွင့်ထားပါတယ်။
ဒီအမှုမှာ ဦးမောင်ကျော်ဇံအပြင် ရိုက်တာသတင်းဌာနကိုပါ တရားစွဲထားတယ်လို့ ဘူးသီးတောင်မြို့နယ်၊ ရဲစခန်းမှူး ရဲအုပ်ကျော်သူ က RFA ကို အတည်ပြုပါတယ်။