Showing posts with label ကျောက်ဖြူ. Show all posts
Showing posts with label ကျောက်ဖြူ. Show all posts

Sunday, May 19, 2024

ရခိုင်ပြည်နယ် တဝက်ကို အေအေသိမ်းချိန် စစ်တပ်က စစ်တွေကနေ သံတွဲကို ဆုတ်ခွာသွားနိုင်ခြေရှိလား

BBC
၁၉ မေ ၂၀၂၄ 

အာရက္ခတပ်တော် (အေအေ) ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက လူ သိပ်တောင် မသိတဲ့ အခြေအနေကနေ အခု ၂၀၂၄ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် တစ်ဝက်က သူ့လက် အောက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Thursday, March 21, 2024

ရခိုင်ဒေသတွင် AA ဆန့်ကျင်ရေးဆန္ဒပြပွဲများ စစ်ကောင်စီ စီစဉ်ဟု ဆို

Myanmar Now
ရောင်နီ
March 21, 2024 


ရခိုင်ပြည်နယ်တွင် အထိနေသော စစ်ကောင်စီတပ်က ရိုဟင်ဂျာများကို စစ်တပ်၏အင်အားအဖြစ် အသုံးချနေသလို AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန်လည်း ခိုင်းစေနေသည်ဟု သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရိုဟင်ဂျာများကို ရက္ခိုင့်တပ်တော် (AA) ကို အလိုမရှိကြောင်း ဆန္ဒပြကြစေရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြ သည်။

Friday, March 1, 2024

ကျောက်ဖြူ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သင်တန်းပေး

DVB
March 1, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က ကျောက်တလုံး ရိုဟင်ဂျာဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာ လူ ငယ် ၁၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းကနေ စစ်တပ်က အတင်းအကျပ်ခေါ် ဆောင်သွားပြီး ခမရ ၅၄၂ ထဲမှာ စစ်သင်တန်းတွေ စပေးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Wednesday, February 28, 2024

ကျောက်ဖြူ ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ အဓမ္မခေါ်သွား

DVB
February 28, 2024

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မွတ်စလင် ၁၀၀ ကျော်ကို စစ်မှုထမ်းခိုင်းဖို့ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူ မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ဖို့ ဖိအားပေးခံနေရ

RFA
RFA Burmese

2024.02.27

ကျောက်ဖြူမြို့ ကျောက်တစ်လုံး မွတ်စလင် ဒုက္ခသည်စခန်း အဝင်လမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည် တစ်ရာကျော် စစ်သင်တန်းတက်ရောက်ဖို့ ထပ်မံဖိအားပေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

Tuesday, February 27, 2024

သံတွဲမှာ ပြည်သူ့စစ်တပ်ဖွဲ့အတွက် စစ်ကောင်စီတပ်က လူစုဆောင်းနေ

RFA
RFA Burmese
2024.02.27
 

ရခိုင်ပြည်နယ်၊ သံတွဲမြို့အဝင်ကို ၂၀၁၆ ခုနှစ်အတွင်း တွေ့ရစဥ်။Photo: RFA 
 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ရွာအချို့မှာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ဖို့ဆိုပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၇ ရက်ဒီနေ့မှာ အုပ်ချုပ်ရေမှူးတွေကတစ်ဆင့် လူစုဆောင်းပေးဖို့ ပြောဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

Sunday, July 23, 2023

ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက် ကြုံနေရဟုဆို

ဧရာဝတီ
ကျောက်ဖြူမှ ရိုဟင်ဂျာဒုက္ခသည်များ စခန်းသစ်တွင် အခက်ကြုံနေရ / CJ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ် ကျောက်တလုံးဘုရားအနီးရှိ ဒုက္ခသည်စခန်းမှ နေရာသစ်သို့ ပြောင်းရွှေ့ခံရ သည့် ရိုဟင် ဂျာ ဒုက္ခသည်များမှာ လက်ရှိနေရာသည် ချောင်းအနီးဖြစ်၍ မိုးရွာလျှင် ရေကြီးရေလျှံပြီး ရေနစ်မြုပ် ခြင်း၊ သွားလာရေး အဆင်မပြေမှုများအပြင် မြို့နှင့်အလှမ်းဝေးသဖြင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

Tuesday, April 25, 2023

ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို အပြီးပိတ်သိမ်းဖို့ စစ်ကောင်စီဖိအားပေးနေ

MPA
Myanmar PressPhoto Agency
Apr 25, 2023
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးရိုဟင်ဂျာဒုက္ခသည်စ ခန်းကို အပြီးပိတ်ဖို့ စစ်ကောင်စီဖိ အားပေးနေကြောင့် ရိုဟင်ဂျာများက အတ ည်ပြုပြောကြသည်။

အဆိုပါစခန်းကို မေလ ၁၅ နေ့မတိုင်ခင်အတွင်း နေရာသစ်သို့ မိမိအစီအစ ဉ်ဖြင့်အပြီးပြောင်းရွှေ့ရန် စစ်ကောင် စီက အမိန့်ထုတ်ညွှန်ကြားလာခဲ့ခြင်းဖြစ် သည်ဟု ဆိုကြသည်။

Monday, March 13, 2023

ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်စခန်းကို ပိတ်သိမ်းဖို့ စစ်ကောင်စီ ဖိအားပေး

RFA
RFA Burmese
2023.03.13
ကျောက်ဖြူမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်များ ပြောင်းရွှေ့ရမည့် နေရာသစ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကျောက်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဒုက္ခသည် တွေက မပြောင်းရွှေ့ချင်ဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေအတွက် စီစဉ်ထားတဲ့ နေရာသစ်က မြို့နဲ့ သုံးမိုင်ကျော်အထိ ကွာဝေးတာကြောင့် အလုပ်အကိုင်အဆင်မပြေတဲ့အပြင် လယ်ကွင်းပြင်ဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Friday, March 10, 2023

နိုင်ငံခြားသံတမန်အဖွဲ့ရောက်ရှိစဉ် စစ်တွေနှင့် ကျောက်ဖြူရှိ မူဆလင်ဒုက္ခသည်များ အခက်အခဲနှင့် လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟုဆို

နိရဉ္စာရာ

10 Mar, 2023 

စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့ရှိ မူဆလင်ဒုက္ခသည်များစခန်းများသို့ ရောက်ရှိလာသည့် နိုင်ငံခြားသံတ မန် အဖွဲ့ကို အခက်အခဲနှင့်လိုအပ်ချက်များကို တင်ပြတောင်းဆိုခွင့်မရခဲ့ဟု ဒုက္ခသည်များက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

စစ်ကောင်စီနေပြည်တော်ဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော နိုင်ငံခြားသံတမန်အဖွဲ့သည် မတ်လ ၈ ရက်တွင် စစ်တွေမြို့နယ်ရှိ သက္ကေပြင် ဒုက္ခသည်စခန်းသို့လည်းကောင်း၊ မတ်လ ၉ ရက်တွင် ကျောက်ဖြူမြို့ရှိ ကျောက်တ လုံးဒုက္ခသည်စခန်းသို့လည်းကောင်း ရောက်ရှိလာကာ ဒုက္ခသည်များအား တွေ့ဆုံခဲ့သည်။

Tuesday, October 4, 2022

ကျောက်ဖြူနှင့် ဘူးသီးတောင်က အုပ်ချုပ်ရေးမှူးများအပါ အဝင် ၆ ဦးကို စစ်ကောင်စီ တရားစွဲ

DVB
4 October, 2022 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူနဲ့ ဘူးသီးတောင်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ ခရိုင်ဦးစီးမှူးတယောက်အပါအဝင် ၆ ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါ တယ်။

ကျောက်ဖြူမြို့မရဲစခန်းတာဝန်ရှိသူတယောက်က “ခရိုင်ငါးလုပ်ငန်းဦးစီးပါ ၄ ယောက်ကို မနေ့က နေ့လယ် လောက်က ရဲစခန်းကိုလာပို့တယ်။ ပြီးရင် သူတို့ကို ၁၇(၁)ပေါ့။ မတရားအသင်းအက်ဥပဒေပုဒ်မ-၁၇(၁)နဲ့ အမှု ဖွင့်ထားတယ်လို့ သိရတယ်။ ၄ ယောက်စလုံးကို ဖွင့်တာပါ” လို့ ပြောပါတယ်။ 

Saturday, June 6, 2020

ကျောက်ဖြူက ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရာ ပြန်နေ ထိုင်ခွင့်တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများသန့်ဇင်ဦး
2020-06-06

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အစိုး ရ က ပြောင်းရွှေ့ပေးမယ့် နေရာသစ်မှာ မနေနိုင်ဘဲ မြို့ပေါ်ကမူလနေရာမှာပဲ ပြန်လည်နေရာချပေးဖို့အ တွက် အင်တာ နက်လူမှုကွန်ယက်ကနေ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

Thursday, May 21, 2020

ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း ရွှေ့ပြောင်းရေး အငြင်းပွားဖွယ်ဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
သီဟထွန်း
2020-05-21 
 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်း နေရာရွှေ့ပြောင်းဖို့၊ အ ရေးပေါ် ရန်ပုံငွေကနေ ငွေကျပ်သန်းပေါင်း ၂၀၀၀ ကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ပြောပါတယ်။

Sunday, February 9, 2020

ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်တွေ မြို့ထဲပြန်ရေး ညှိနှိုင်းနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020-02-08
 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ပြန်လည် နေရာချထားပေးဖို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်နေ့က သွားရောက်ညှိနှိုင်းခဲ့ပါတယ်။

Sunday, April 28, 2019

ရခိုင်ပြည်နယ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ရှေ့အလား အလာ

VOA  
ဗွီအိုအေ (မြန်မာဌာန)
28 ဧပြီ၊ 2019
မအေးသန္တာကျော်
                                                                     ကျောက်ဖြူဆိပ်ကမ်း
 
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဆီ သွားရောက်ပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေး ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြမှာကို ကြိုဆိုတာပါ။ ရခိုင်မြောက်ပိုင်းက လူမျိုးရေးပဋိပက္ခတွေကြောင့် အထူးသဖြင့် ကုလသ မဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုနဲ့ ကြုံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို သွား ရာက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ဒေသခံတွေကတော့ တရုတ်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သူတို့ဒေ သကို တကယ်ပဲ အကျိုးဖြစ်စေပါ့မလားဆိုပြီး စိုးရိမ်းနေကြပါတယ်။ Libby Hogan ကျောက်ဖြူက ပေး ပို့တဲ့ သတင်းကို မအေးသန္တာကျော် ပြောပြပေးပါခင်ဗျာ။

Thursday, February 14, 2019

ကျောက်နီမော် ကမန်ကိစ္စ လွှတ်တော်ထံပေးပို့ဖို့တင် ပြ

RFA
2019-02-13
ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံ ကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ အစိုးရက ကမန်လူမျိုးအမည်နဲ့ မှတ်ပုံတင်ထုတ်ပေးထားသူ လူဦးရေ ၃၃၀၀ နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လွှတ်တော်ထံပေးပို့ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်နယ် လွှတ် တော်အစည်းအဝေးမှာ အဆိုတင်သွင်းလိုက်ပါတယ်။

Friday, November 9, 2018

ကျောက်ဖြူရေနက်စီမံကိန်း စတင်အကောင်အထည် ဖော်နိုင်ဖို့ မူဘောင်စာချုပ် ယနေ့ ချုပ်ဆို

iSee
November 9, 2018

နိုဝင်ဘာ၊၈။ ကျောက်ဖြူ ရေနက် စီမံကိန်း ဟာ ဒေသခံ တွေ အပြင် နောင်မျိုးဆက် တွေရဲ့ ဘ၀ တိုးတက် မြှင့်မားဖို့ အတွက် ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

Tuesday, October 30, 2018

အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမည့် ...

ELEVEN
Oct 30, 2018 

အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမည့် ကျောက်ဖြူရေနက်စီမံကိန်း၏ ပိုင်ဆိုင်မှုအချိုးတွင် မြန် မာနိုင်ငံဘက်မှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိရန် သဘောတူညီမှုရရှိဟုဆို အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရင်းနှီးမြုပ်နှံမယ့် ကျောက်ဖြူရေနက်စီမံကိန်းရဲ့ ပိုင်ဆိုင်မှုအချိုးတွင် မြန်မာနိုင်ငံဘက်မှ ၃၀ ရာခိုင် နှုန်းအထိ တိုးမြှင့်ရရှိရန်အတွက် ညှိနှိုင်းခဲ့ရာတွင် သဘောတူညီမှုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားလိုက်ပါတယ်။ 

Friday, August 24, 2018

အကြွေးမပိရန် ကျောက်ဖြူရေနက်စီမံကိန်း ကုန်ကျ စရိတ် လျှော့ချရန်ကြိုးပမ်းနေသော မြန်မာ

Friday, August 3, 2018

ကျောက်ဖြူရေနက်စီမံကိန်း အတိုင်းအဆ မြန်မာ လျှော့ချကုန်ကျစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီ ယံပြင်ဆင်သတ်မှတ်

စံတော်ချိန် 
By The Standard Time Daily 
August 3, 2018

နေပြည်တော်၊ သြဂုတ် ၂
 
ုမြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ် ကို မြန်မာအစိုးရက သိသိသာသာပြန်လည်လျှော့ချ၍ စီမံကိန်းအ တိုင်းအဆကို လည်း ချုံ့ပစ်လိုက်ကြောင်း ရိုက်တာသတင်းဌာနက သြဂုတ် ၂ ရက်တွင် ရေးသား တင်ပြ ထားသည်။
သီရိလင်္ကာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ တရုတ်ရင်းနှီးမြှုပ်နှံမှု ကျော ထောက်နောက်ခံပြုပင်လယ်ရေနက် စီမံ ကိန်း များ နှင့်ပတ်သက်၍ ပေါ်ထွက်လာ သည့် ပြဿနာများကြောင့် မူလခန့်မှန်းကုန်ကျစရိတ် အမေရိ ကန်ဒေါ်လာ၇ ဒသမ ၃ ဘီလီယံရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း မြန်မာနိုင်ငံ အတွက် စဉ်း စားစရာဖြစ် လာ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မြန်မာအစိုးရ စီးပွားရေး အကြံပေး ရှောင်တာနယ်တို့က ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */