Showing posts with label ဗြိတိန်. Show all posts
Showing posts with label ဗြိတိန်. Show all posts

Friday, March 15, 2024

ရိုဟင်ဂျာတွေအတွက် ပေါင် ငါးသန်းကျော် ဗြိတိန်ထပ်မံကူညီ

RFA
RFA Burmese
2024.03.13

မီးလောင်ပျက်စီးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသ Ukhia ဒုက္ခသည်စခန်းရှိ အပျက်အစီးများနှင့်အတူ ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နောက်ထပ် ပေါင်စတာလင် ၅.၂ သန်း ကူညီမယ်လို့ ဗြိတိန်အစိုးရက မတ်လ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

Thursday, December 14, 2023

ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ငါးသန်းကျော် ဗြိတိန် ကူညီမည်

RFA
RFA Burmese
2023.12.14

ရှမ်းမြောက်နယ် မြောက်ပိုင်းက တိုက်ပွဲများကြောင့် လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည့် ဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ RFA
 
မြန်မာနိုင်ငံတစ်ဝန်းက အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းနဲ့ ညီမျှတဲ့ စတာလင်ပေါင် ၄ ဒဿမ ၅ သန်းကို ကူညီထောက်ပံ့သွားမယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာလိုက်ပါတယ်။

Wednesday, October 18, 2023

ရိုဟင်ဂျာတွေအတွက် ဗြိတိန်က ပေါင် ၄ သန်းခွဲ ထပ်မံ ထောက်ပံ့

BBC
ဘီဘီစီမြန်မာပိုင်း
၁၈ အောက်တိုဘာ ၂၀၂၃ 

ဘင်္ဂလားဒေ့်ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာတွေအတွက် ပေါင် ၄ သန်းခွဲ ( ‌အမေရိကန် ဒေါ် လာ၅ သန်း ခွဲ)  ကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအတွက် ဗြိတိန်အစိုးရ က ထောက်ပံ့ကူညီ သွား မယ်လို့ မနေ့အောက်တိုဘာ ၁၇ ရက်က ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာအကူအညီ‌ပေးရေး ‌အဖွဲ့ UNHCR ရဲ့ ညီလာခံမှာ ယူကေအစိုးရရဲ့ အင်ဒို - ပစိဖိတ် ဝန်ကြီး အန်နီမာရီ ကပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် ဒေါ်လာ ၅ သန်းခွဲ ဗြိတိန် ထောက်ပံ့ မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၁၇ အောက်တိုဘာ၊ ၂၀၂၃ 

ယခင်မှတ်တမ်းရုပ်ပုံ | Cox's Bazar မှာရှိတဲ့ ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကိုတွေ့ရစဉ် (ဇွန် ၂၊ ၂၀၂၀)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပေါင်ငွေ ၄ သန်းခွဲ (အမေရိကန်ဒေါ်လာ ၅ သန်းခွဲ) နောက်ထပ် ထောက်ပံ့မယ့်အကြောင်း ဗြိတိန်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ဘေး ကင်းလုံခြုံပြီး၊ ကိုယ့်သဘောဆန္ဒနဲ့အညီ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အပါအဝင် ရိုဟင်ဂျာအ ရေး ရေရှည်အဖြေရဖို့ သန္နိဓာန်ချထားကြောင်းလည်း ဗြိတိန်အစိုးရရဲ့ အင်ဒိုပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်သေး ခင် မှာ လူသားချင်းစာနာမှု အကူအညီတွေ ဆက်လက် ပေးအပ်သွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Saturday, May 20, 2023

မိုခါမုန်တိုင်းသင့်မြန်မာပြည်သူများအတွက် ဒေါ်လာနှစ်သန်း ခွဲ ဗြိတိန်ထောက်ပံ့မည်

လူထုနွေဦး
၁၉ မေ ၂၀၂၃

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဆိုင်ကလုန်းမိုခါ တုံ့ပြန်ရေးအဖြစ် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အ ထောက်အကူပစ္စည်းများအတွက် USAID မှတဆင့် ကနဦး အမေရိကန်ဒေါ်လာ နှစ်သိန်းကို ပေးအပ်လှူ ဒါန်း သွားမည်ဟု ကြေညာထားသည်။

(ရခိုင်ပြည်နယ် စစ်​တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​မေလ ၁၄ ရက်က မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ဓာတ်ပုံ - CJ)


ဗြိတိန်သည် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန် ဒေါ်လာ နှစ်သန်းခွဲ ထောက်ပံ့ကူညီမည်ဟု မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးက ကြေညာသည်။

Friday, March 17, 2023

ရိုဟင်ဂျာတွေကို ဗြိတိန်ထောက်ပံ့မှု ၈၂ ရာခိုင်နှုန်းလျှော့ချ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.16

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇား၊ဘာလုခါလီဒုက္ခသည်စခန်းက၊ စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ရစဉ်။Reuters


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတစ်သန်းနီးပါးအတွက် ဗြိတိန်အစိုးရက ထောက်ပံ့ပေးနေတဲ့ နှစ်စဉ်ထောက်ပံ့ ကြေးကို ၈၂ ရာခိုင်နှုန်းဖြတ်တောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ပြန်ပြီးသုံးသပ်ဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign-UK) က တောင်းဆိုလိုက်ပါတယ်။

Wednesday, March 15, 2023

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများအတွက် အကူအညီ ဒေါ်လာ ၆ သန်းကျော် ဗြိတိန် ထောက်ပံ့

Mizzima
By Anadolu Agency
12 March 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအတွက် အကူအညီထောက်ပံ့မှုအဖြစ် စတာလင်ပေါင် ၅ ဒသမ ၂၆ သန်း (ဒေါ်လာ ၆ ဒသမ ၃၁ သန်း) ထောက်ပံ့မည်ဖြစ်ကြောင်း ဗြိတိန်က မတ်လ ၁၀ ရက်တွင် ကြေ ညာသည်။

ဘင်္ဂလားဒေ့ရှ်ကို လာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်ဒိုပစိဖိတ်ဆိုင်ရာ အငယ်တန်းဝန်ကြီး အန်နီ မေရီ ထရီဗယ်လ်ယန်က ယခု အကူအညီသစ် ပေးအပ်မှုကိစ္စကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ချက်တစ်ရပ်အရ သိရသည်။

Tuesday, December 13, 2022

ရိုဟင်ဂျာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဗြိတိန်က နောက်ထပ် ပေါင် ၄.၅ သန်းကို ကြေညာ

Dhaka Tribune
UNB
ဒီဇင်ဘာ 11 ရက် 2022 

WFP (ပေါင် 3 သန်း) နှင့် UNICEF (ပေါင် 1.5 သန်း) တို့က ရိုဟင်ဂျာဒုက္ခသည်များအတွက် အစားအစာ၊ ရေ၊ သန့် ရှင်းရေးနှင့် ကလေးသူငယ် ကာကွယ်ရေးတို့ကို ပံ့ပိုးပေးမည်ဖြစ်သည်။

Cox's Bazar Mahmud Hossain Opu/Dhaka Tribune ရှိ ရိုဟင်ဂျာစခန်းတစ်ခု၏ ဖိုင်ဓာတ်ပုံ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းဖို့ ဗြိတိန် ပေါင် ၄.၅ သန်း ထပ်မံ ထောက်ပံ့မယ်လို့ ဗြိတိန် (UK) က ကြေညာလိုက်ပါတယ်။

ဗြိတိန်သည် ၂၀၁၇ ခုနှစ် သြဂုတ်လ အကျပ်အတည်း စတင်ချိန်မှ ရန်ပုံငွေ စုစုပေါင်း ပေါင် ၃၄၅ သန်းကို ရုတ်သိမ်းလိုက်ကြောင်း ဗြိတိန် အဆင့်မြင့် ကော်မရှင် Dhaka မှ တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ Dhaka ရှိ ဗြိတိသျှ မဟာမင်းကြီး Robert Chatterton Dickson က "ဗြိတိန်သည် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ၎င်းတို့၏ အိမ်ရှင်အသိုင်းအဝိုင်းများကို ထောက်ပံ့ရန် ကတိက ဝတ်ပြုလျက် ရှိသည်" ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်မှာ ရှိနေစဉ် UK ရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုကို ပြန်လည်အာမခံတဲ့ Dickson က “ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်နိုင်စေမယ့် ရေရှည်ဖြေရှင်းချက်တစ်ရပ်ကို ဗြိတိန်က ဆက်လက်တွန်းအားပေးနေပါတယ်။ အဲဒီမှာ အခြေအနေတွေက ခွင့်ပြုတယ်။"

WFP (ပေါင် 3 သန်း) နှင့် UNICEF (ပေါင် 1.5 သန်း) တို့က ရိုဟင်ဂျာဒုက္ခသည်များနှင့် ကော့ဘဇားနှင့် Bhasan Char ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးရေး နှင့် အစားအစာ၊ ရေ၊ သန့်ရှင်းရေးနှင့် ကလေးကာကွယ်ရေးတို့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

2017 ခုနှစ် သြဂုတ်လ 25 ရက်နေ့မှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် သည် ကော့ဘဇားခရိုင်တွင် အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်သူ 1.2 သန်းကျော်ကို လက်ခံပေးခဲ့ပြီး အများစုမှာ မြန်မာစစ်တပ်၏ ဖြိုခွင်းမှုအပြီးတွင် UN မှ "သင်ရိုးညွှန်းတမ်းအတိုင်း လူမျိုးသုဉ်းသုတ်သင်ခြင်း" ဟု ခေါ်ဝေါ်ကြသည့် မြန်မာနှင့် အခြားအခွင့်အရေးအဖွဲ့များဟု အမည်ပေးထားသည်။ "လူမျိုးတုံးသတ်ဖြတ်မှု" အဖြစ်။

သို့သော်လည်း မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ လုံခြုံရေးနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အဓမ္မနေရပ်စွန့်ခွာသွားသူများအကြား ယုံကြည်မှု ပျက်ပြားမှုကြောင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ရိုဟင်ဂျာတစ်ဦးတည်းကို ပြန်လည်လက်ခံရန် ကြိုးပမ်းမှု နှစ်ကြိမ်တိုင်တိုင် မအောင်မြင်သေးပေ။

Link : Here

Wednesday, May 5, 2021

စစ်ကောင်စီကို ဒဏ်ခတ်ပြီး ပြည်သူတွေကို စာနာမှုအ ထောက် အပံ့ပိုပေးဖို့ G-7 ကို ဗြိတိန် တိုက်တွန်းဖွယ်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 မေ၊ 2021
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်း အဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့လုပ်ငန်းတွေ ကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Wednesday, July 8, 2020

ကာချုပ်ကို ဗြိတိန်က စီးပွားရေးပိတ်ဆို့တာ နိုင်ငံရေးရည် ရွယ်ချက်လို့ တပ်မတော်ဘက်က တုံ့ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ နေရိန်ကျော်
2020-07-07

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ - ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူပိတ်ဆို့လိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာ လိုက်ပါတယ်။

Sunday, February 16, 2020

ရခိုင်စစ်ပွဲ ကလေးငယ်များထိခိုက်မှု စိုးရိမ်ကြောင်း အမေ ရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ ကြေညာချက် ထုတ်ပြန်

နိရဉ္စရာ
ဆောင်းဇာခြည်
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၀



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိ မှုများရှိနေသည့် အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ စိုးရိမ်ကြောင်း ကြေ ညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */