" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား. Show all posts
Showing posts with label မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား. Show all posts

Thursday, September 28, 2023

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား ( IIMM )

လူ့အခွင့်အရေးကောင်စီက (၂၀၁၈) ခုနှစ် စက်တင်ဘာလတွင် လက်ခံအတည်ပြုခဲ့သော ဆုံးဖြတ် ချက် (၃၉/၂) အရ “မြန်မာနိုင်ငံအတွင်း (၂၀၁၁) မှစတင်၍ ဖြစ်ပွားခဲ့သော အကြီးလေးဆုံးသော အပြည် ပြည်ဆိုင်ရာ ရာဇ၀တ်မှုများနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ၏ အထောက်အထားများ အား နိုင်ငံတကာ ဥပဒေစံနှုန်းများ နှင့် အညီ စုဆောင်းရန်၊ ပေါင်းစည်းရန်၊ ထိန်းသိမ်းရန်၊ စိစစ်သုံး သပ် ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားတစ် ခုကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ၎င်း ရာဇဝတ်မှုများကို စီရင်ပိုင်ခွင့်ရှိသော သို့မဟုတ် အနာဂတ်တွင်စီရင်ပိုင်ခွင့် ရှိလာနိုင်သော နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများ သို့မဟုတ် ခုံရုံးများတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ မျှတပြီးလွတ်လပ်သော ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးစီရင်မှုများအား လွယ်ကူချောမွေ့စွာနှင့်မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် အမှုတွဲများ ပြင်ဆင်ပေးရန်ဖြစ်သည်။”
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */