Western News
ဇော်ထွန်း (မြောက်ဦး)_ရေးသားသည်
May 13, 2024
အာရက္ခအမျိုးသားရေးဝါဒ (Arakha Nationalism)၊ ဒီမိုကရေစီ (Democracy) နှင့် မာရက်တိုကရေစီ (Meritocracy) တို့ကို နိုင်ငံရေးယုံကြည်ချက်များအဖြစ် ပိုမိုနှစ်ခြိုက်သော အာရက္ခတပ်တော်သည် “ဝထက် မနိမ့်သော ကွန်ဖက်ဒရိတ်အဆင့်အတန်းကို ရလိုသည်” ဟူ၍ တရားဝင်ထုတ်ဖော်ပြောဆိုကာ တော်လှန်ရေး ဆင်နွှဲလျက်ရှိနေသည်။ ရက္ခိုင်တပ်မတော်မှ ရက္ခိုင့်တပ်တော်၊ အာရက္ခတပ်တော် (Arakan Army-AA) စသဖြင့် ပြောင်းလဲလာခဲ့ပြီး ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များမှသည် အားလုံးပါဝင်သော (သို့မဟုတ်) နိုင်ငံနှင့်ထိုက်တန်သော အမျိုးသားရေးအမြင်များသို့ တစ်စစကူးပြောင်းလျက် ဘုံအမျိုးသားလုံခြုံရေးတပ်နှင့် ဘုံအမျိုးသားအမှတ်သညာများကို တည်ဆောက်လျက်ရှိနေသည်ဟု နားလည်ရသည်။