Showing posts with label သေဆုံးမှု. Show all posts
Showing posts with label သေဆုံးမှု. Show all posts

Monday, May 22, 2023

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်ရှိ ရွာတစ်ရွာမှ ရိုဟင်ဂျာ ၁၉ ဦး သေဆုံ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရသေ့တောင်မြို့နယ်၊ မေယုမြစ်ကမ်းဘေး၊ မိုးစဲကျွန်းပေါ်မှ ညောင်ပင်ကြီးကျေးရွာတွင် ကလေးများအပါအဝင် ရိုဟင်ဂျာ ၁၉ ဦး ရေနစ်သေဆုံးခဲ့ပြီး သောက်သုံးရေနှင့် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ရွာခံများထံမှ သိရသည်။

သေဆုံးသူများမှာ ၂ နှစ် အရွယ်မှ ၆၅ နှစ် အရွယ်ထိ ရှိပြီး အမျိုးသမီး ၂ ဦး ပါဝင်သည်ဟု ဆိုသည်။

မေ ၁၄ မွန်းတည့် ၁၂ နာရီတွင် မုန်တိုင်း ပြင်းထန်လာပြီး မွန်းလွဲ ၃ နာရီတွင် ပင်လယ်ဒီရေ မြင့်တက်လာသည်၊ ကျေးရွာထဲမှ မထွက်ခွာနိုင်တော့ဘဲ ကျေးရွာအလယ်တွင် ရှိသည့် နှစ်ထပ်အိမ်တစ်လုံးတွင် မုန်တိုင်းဒဏ်မှ ပုန်းခိုနေကြချိန် နေအိမ်ပြိုကျပြီး အများအပြား သေဆုံးရခြင်းဖြစ်သည်။

Friday, May 19, 2023

မုန်တိုင်းသင့်ဒေသမှာ သေကြေထိခိုက် ပျက်စီးမှုတွေ ထပ်မံတွေ့ရှိ

VOA
ဆုမွန်
၁၈ မေ၊ ၂၀၂၃ 

ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့


ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်ပြီး အထိနာခဲ့တဲ့ နေရာတွေထဲ စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာ တွေမှာ ပိုများခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက် နေသူတွေက ပြောပါတယ်။ မုန်တိုင်းဝင်ရောက်ပြီး စစ် တွေမြို့နယ်က ရိုဟင်ဂျာတွေ အများစုနေထိုင်တဲ့ သဲချောင်းကျေးရွာ အခြေအနေကို VOA က သွားရောက် သ တင်း ယူထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၁၀၀ ကျော် သေ ဆုံး ကြောင်း စစ်ကောင်စီထုတ်ပြန်

B B C

ဘီဘီစီမြန်မာပိုင်း
2023-05-19

အင်အားပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း တွေ ကနေ သေဆုံးသူ ၁၁၇ ယောက် အထိရှိပြီလို့ စစ်ကောင်စီက ဒီကနေ့ မေလ ၁၉ ရက်နေ့မှာသတင်းထုတ်ပြန် ပါတယ်။ မေလ ၁၇ ရက်မှာ ရိုဟင်ဂျာသေဆုံးသူ ၂၆ ယောက်၊ မေလ ၁၈ ရက်မှာ ထပ်တိုး ၉၁ ယောက် တွေ့ရှိခဲ့ တာလို့ဆိုပါတယ်။ 

Tuesday, September 13, 2022

မြန်မာ - တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံထားရစဉ်သေဆုံး မှု

Human Rights Watch
September 13, 2022 

အမှုခြောက်ခုမှာ ညှဉ်းပန်းနှိပ်စက်မှုနှင့် စုံစမ်းစစ်ဆေးရန် ပျက်ကွက်မှုကို မီးမောင်းထိုးပြနေသည်

People attend the funeral of Khin Maung Latt, a National League for Democracy ward chairman in Yangon, Myanmar, who died in custody, March 7, 2021. © 2021 REUTERS/Stringer

(ဆစ်ဒနီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၂) - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသော လူအများအပြား သေဆုံးမှုများအတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က တာဝန်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားခဲ့သည်။

မြင်သာသော နှိပ်စက်ညှဉ်းပန်းခံထားရခြင်း သို့မဟုတ် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးမှုကို HRW မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ စစ်အစိုးရအာဏာ ပိုင်များသည် အဆိုပါ သေဆုံးမှုများကို အလေးအနက် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တာဝန်ရှိသူများကို အရေး ယူခြင်း မရှိသေးပေ။

Friday, August 20, 2021

၂၀၂၀ မှာ ပင်လယ်ဖြတ်ရင်း ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံးသေဆုံးရ

RFA
လွတ်လပ်တဲ့အာရှအသံ 
2021-08-19

၂ဝ၂ဝ ခုနှစ် ဇွန်က ပင်လယ်ဖြတ်ရင်း အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်ခဲ့တဲ့ ရိုဟင်ဂျာများ။
ၤၤၤၤFile Photo: Reuters

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်သန်းချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ သေဘေးနဲ့ ရင် ဆိုင်ရပြီး အမျိုးသမီးနဲ့ကလေးတွေ အများဆုံး သေဆုံးရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောကြားလိုက်ပါတယ်။

Sunday, October 25, 2020

မွတ်စလင်ဒေသခံ လူငယ် ၂ ဦး သေဆုံးမှု မြန်မာစစ်တပ် ပြန်စုံစမ်းစစ်ဆေး

VOA 
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်
25 အောက်တိုဘာ၊ 2020
နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၂၄၊ ၂၀၂၀)
အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူ ငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေ ပါ တယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

Friday, March 20, 2020

ရခိုင်တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတိုး

VOA
ဗွီအိုအေ (မြန်မာဌာန)
20 မတ်၊ 2020
သက်နိုင်
ရခိုင်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို အရပ်သားထိခိုက် သေဆုံး မှုတွေလည်း တိုးလာနေပါတယ်။ မနေ့က ညနေပိုင်းမှာလည်း ပုံဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ် ဘေးနားကကျေး ရွာမှာပြုလုပ်နေတဲ့ ရှင်ပြုပွဲတစ်ခုကို လက်နက်ကြီးကျပြီး နေအိမ်တွေ မီးလောင်သွားခဲ့သ လို အရပ်သားသေ ဆုံး ထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။ ဒီအကြောင်း စစ်တွေမြို့ကနေ ကိုသက်နိုင်သတင်း ပေးပို့ ထားတာပါ။

Thursday, February 20, 2020

မြောက်ဦး ရိုဟင်ဂျာ လူငယ် သေဆုံးမှု အခြေအနေ တင်း မာ လို့ ရဲဝင်ထိန်း


B B C
 ဘီဘီစီ မြန်မာပိုင်း
19 ဖေဖော်ဝါရီ 2020
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာပြင်မှာ ဖုန်းသုံးနေတဲ့ ရိုဟင်ဂျာ လူငယ်နှစ်ဦးထဲက တစ်ဦး အသတ်ခံခဲ့ရအပြီး နောက်တစ်နေ့ မနက်မှာ လမ်းသွားလမ်းလာတွေကို အဲဒီ ရွာသားတချို့က တိုက်ခိုက်ခဲ့ တဲ့အတွက် အခြေအနေတွေ တင်းမာခဲ့ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */