RFA
RFA Burmese
2024.06.20
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြောင့် အကူအညီတွေ လိုအပ်နေတဲ့ ဒုက္ခသည်တွေနဲ့ နိုင်ငံပြင်ပ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယူရို ၁၅ သန်း ထပ်မံ ကူညီထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။