Showing posts with label မိုင်းနင်း. Show all posts
Showing posts with label မိုင်းနင်း. Show all posts

Friday, January 27, 2023

ဘူးသီးတောင်မှာ မိုင်းနင်းမိလို့ ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

RFA
RFA Burmese
2023.01.27
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က မိုင်းနင်းမိပြီး ဒဏ်ရာသွားသည့် ကလေးငယ်တစ်ဦးကို ‌ဆေးကုသရန် ခေါ်ဆောင်သွားစဉ်။ Arakan Bay News

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းရွာမှာ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေး သုံးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မောင်မာမတ်နုရ် ဖြစ်ပြီး နောက်ထပ် ဆယ်ကျော်သက် အရွယ်တွေဖြစ်တဲ့ ဇာနိအာလောမ်၊ အော်ဇီအူလ္လာ၊ ရော်ဘီအုလ်ဟူဆောင် တို့ သုံးဦး ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာအပြင်း အထန်ရခဲ့တယ်လို့ ဆိုပါတယ်။

Saturday, March 7, 2020

မြောက်ဦးမှာ မိုင်းနင်းမိလို့ ရိုဟင်ဂျာကလေးငယ်တဦး သေဆုံး

VOA 
VOA (မြန်မာပိုင်း)
07 မတ်၊ 2020 
 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နွားကျောင်းနေတဲ့ ရိုဟင်ဂျာ ကလေးငယ်တဦး သောကြာနေ့က မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။ ရိုဟင်ဂျာကလေးငယ် ၅ ဦး နွားကျောင်းနေကြစဉ် မိုင်းနင်းမိခဲ့တာလို့ ဒေသခံ Arakan Yoma အွန်လိုင်း သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသူ ကလေးငယ်ဟာ ဘုချေ ဆိုသူဖြစ်ကြောင်းနဲ့ သူဟာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာကဖြစ်တယ်လို့ ဆိုပါတယ်။ အခြား လူငယ် ၄ ဦးကတော့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ ရိုဟင်ဂျာဌာနက ရရှိခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုမှာလည်း မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရနေတဲ့ ကလေးငယ်တွေရဲ့ပုံကို ပြသထားပါတယ်။ မြန်မာစစ်တပ်က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေ ညာ ချက်ထဲမှာတော့ ဒေသန္တရနင်းမိုင်းကို နင်းမိပြီး အသက် ၁၂ နှစ်အရွယ် ဘင်္ဂါလီ ကလေးငယ်တဦး သေဆုံးခဲ့ကြောင်းနဲ့ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မိုင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်တပ်က အဲဒီလို စွပ်စွဲ ပြောဆိုတဲ့အပေါ် AA ဘက်ကတော့ ချက်ခြင်း တုန့်ပြန်ခြင်း မရှိသေးပါဘူး။

Link : Here

Saturday, May 25, 2019

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လူငယ် တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊မေ ၂၄/၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် လူငယ်တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာ ရရှိ သွားကြောင်း သတင်းရရှိသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */