VOA
ဗွီအိုအေ (မြန်မာပိုင်း)
အင်ဒိုနီးရှားနိုင်ငံ Ache ပြည်နယ် Lhokseumawe ကမ်းခြေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေ ထဲ က အမျိုးသား တစ်ဦး ဆေးရုံတက်ရောက်ကုသနေရာက ကြာသပတေးနေ့က သေဆုံးသွားတယ်လို့ အင်ဒို နီးရှားရောက် ရိုဟင်ဂျာ ဒုက္ခသည်အရေး ကိုင်တွယ်နေသူ ပြောခွင့်ရ တစ်ဦးက VOA ကို ပြောပါတယ်။
ပြောခွင့်ရ Marzuki က ရိုဟင်ဂျာ နောက်ထပ် တစ်ဦး သေဆုံးသွားတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ အူကျေ ရာဂါနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
11 စက်တင်ဘာ၊ 2020
စက်တင်ဘာ ၇ ရက်နေ့က Ache ပြည်နယ်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ